လာမဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံအဖွဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာက တာဝန်ယူလိုတယ်ဆိုတဲ့ မြန်မာအစိုးရသစ်ရဲ့ တင်ပြချက်ကို အလျင်စလို လက်ခံ အတည်ပြုပေးမှာ မဟုတ်ဘူးလို့ လက်ရှိ အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ နာတာလာ ဂဲဝါးက ပြောကြားလိုက်ပါတယ်။
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်မြို့တွင် ကျင်းပသော အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သော မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဦးသန်းစိန် (ဝဲ) နှင့် ဖိလိပိုင် သမတ ဘင်နစ်နို အကွီနို (ယာ) တို့ကို ခေါင်းဆောင်များ သီးသန့်နေရာတွင် အောက်တိုဘာ ၂၈ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဂျကာတာမြို့မှာ အာဆီယံ ထိပ်သီးညီလာခံကို လေ့လာဖို့ ရောက်ရှိနေတဲ့ RFA ပြင်ပဆောင်းပါးရှင် သတင်းထောက် လယ်ရီ ဂျာဂင်က တွေ့ဆုံမေးမြန်းရာမှာ အဲဒီလို ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးကို ဦးတည်တဲ့ အပြောင်းအလဲတွေ ဘာတွေ ရှိနေပြီလဲ၊ ဘာတွေ လုပ်ဖို့ရှိသလဲ ဆိုတာတွေကို မျက်မြင် လေ့လာဖို့အတွက် မကြာခင်ကာလမှာ အာဆီယံ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို သူ့အနေနဲ့ ဦးဆောင် သွားရောက်မယ်လို့လည်း အင်ဒိုနိရှား နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။
လောလောဆယ်မှာ ဘာဆုံးဖြတ်ချက်မှ ချမှာ မဟုတ်ပဲ နှစ်ကုန်ပိုင်းလောက်ကျမှ ဆုံးဖြတ်ဖို့ အချိန် ရွှေ့ဆိုင်းထားလိမ့်မယ်လို့ မျှော်လင့်ရကြောင်း သတင်းထောက် လယ်ရီ ဂျာဂင် က ပြောပါတယ်။
လာမဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံအဖွဲ့ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူလိုတယ်ဆိုတဲ့ မြန်မာနိုင်ငံအစိုးရရဲ့ တင်ပြချက် နဲ့ ပတ်သက်ပြီင်္း
လက်ရှိ အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနိရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ နာတာလာ ဂဲဝါးကို RFA ပြင်ပဆောင်းပါးရှင် လယ်ရီ ဂျာဂင်က တွေ့ဆုံမေးမြန်းပြီး ဂျကာတာမြို့ကနေ ဆောင်းပါးပေးပို့ခဲ့ပါတယ်။
ဒီဆောင်းပါး ကို RFA အဖွဲ့သား ဦးခင်မောင်ညိန်းက ဘာသာပြန်ဆို ဖတ်ကြားထားပါတယ်။
| မြန်မာနှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နေရာ |
|
| အသံဖိုင်ယူရန် |
အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တွေ့ဆုံ
အာဆီယံ လူထုအခြေပြု အဖွဲ့အစည်းများ ဆွေးနွေးပွဲ ကမ္ဘောဒီးယား အစိုးရက ကန့်သတ်
အီးယူနဲ့ အာဆီယံ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေစေလွှတ်
ရွေးကောက်ပွဲ အာဆီယံအဖွဲ့ စောင့်ကြည့် လေ့လာရေး စဉ်းစားပေးမယ် ဦးသိန်းစိန်ပြော
မြန်မာနိုင်ငံကို လာမယ့် ဆယ်စုနှစ်မှာ အခုထက်သာစေချင်
သမ္မတ ဦးသိန်းစိန် စင်္ကာပူနိုင်ငံကို ချစ်ကြည်ရေးခရီးထွက်ခွာ
ကတိက၀တ်အတိုင်း မြန်မာအစိုးရ ကြိုးပမ်းဖို့ AIPMC တိုက်တွန်း
လာမယ့် ၂ နှစ်အတွင်း အာဆီယံ လူ့အခွင့်အရေး တိုးတက်ဖို့ အရေးကြီး
နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်ကြောင့် ၂ နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ မြန်မာမျှော်လင့်
မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးစံတွေ သတ်မှတ် စောင့်ကြည့်သင့်ကြောင်း HRW တိုက်တွန်း
မှတ်ချက်များ
Click here to add your own comment