မလေးရှား ထိန်းသိမ်းရေးစခန်းမှ မြန်မာအကျဉ်းသား တရာကျော် ထွက်ပြေး

2011-04-05

မလေးရှားနိင်ငံ ကွာလာလမ်ပူမြို့တော်နဲ့ မိုင် ၅၀ လောက်မှာ ရှိတဲ့ လူဝင်မှု ထိန်းသိမ်းရေး လင်းခေးစခန်း မှာ ဧပြီ ၄ ရက် မနေ့က မီးလောင်မှု ဖြစ်ပွားပြီးနောက် စခန်းက မြန်မာအပါအဝင် တရားမဝင် ပြောင်းရွှေ့နေထိုင်သူ ထိန်းသိမ်းထားသူ ၁၀၀ ကျော် ထွက်ပြေးသွားခဲ့တယ်လို့ နိင်ငံတကာ သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။

(Photo: AFP)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရဲလာခေါ် အရပ်သား လုံခြုံရေး တပ်ဖွဲ့ဝင်များက ညသန်းခေါင်ကျော် စစ်ဆင်ရေးဖြင့် တရားမဝင် နိုင်ငံခြား အလုပ်သမားများကို ဖမ်းဆီးထားသော မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီသတင်းနဲ့ ပတ်သက်ပြီး မလေးရှားမှာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign Malaysia အဖွဲ့က ကိုထွန်းထွန်းကလည်း RFA ကို အခုလို ပြောပြပါတယ်။

“တရားမဝင် နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းမှာ မီးလောင်မှု ဖြစ်ပွားပြီးတော့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပွားပြီးတော့ မြန်မာနိုင်ငံသား တရာနဲ့ ကိုးဦး လွတ်မြောက်သွားတယ်၊ အဲဒီထဲကမှ လူ ၃၀ ကို သူတို့ ပြန်ဖမ်းမိတယ်ဆိုပြီးတော့ သတင်းတွေမှာ ဖော်ပြနေတယ်။ အဓိက ကျွန်တော်တို့ သိရသလောက်ကတော့ အဲဒီ စခန်းမှာ ရှိတဲ့ စခန်းတွင်း အခြေအနေတွေက အင်မတန် ဆိုးဝါးတယ်၊ အစားအသောက် အခြေအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေက အင်မတန် ဆိုးဝါးတယ်၊ အဲဒါကို မကျေနပ်ပြီးတော့ ခုလို လုပ်ကြတယ် ဆိုပြီးတော့ သတင်းတွေ ထွက်ထားတယ်။ ကျွန်တော်တို့ အနေနဲ့ အဲလောက်ပဲ ပြောနိုင်တယ်။”

အခုလို အစားအသောက် အနေအထိုင် အင်မတန် ဆင်းရဲတဲ့ အဲဒီ ထိန်းသိမ်းရေးစခန်းက ထွက်ပြေးသွားသူတွေ ပြန်လည် ဖမ်းဆီးနိင်ဖို့အတွက် စေတနာ့ဝန်ထမ်းလုံခြုံရေး Rela အဖွဲ့ဝင်တွေကို မလေးရှား ပြည်ထဲရေးဝန်ကြီးက တာဝန်ပေးလိုက်တယ်လို့ ကိုထွန်းထွန်းက ပြောပါတယ်။

“အဲဒီအခါကျတော့ ကျွန်တော့အနေနဲ့ ဘာမြင်လဲဆိုလို့ရှိရင် ထွက်ပြေးသွားတာက လူ တရာနဲ့မှ ကိုးဦး၊ သို့သော်ငြားလည်း အဲဒီ တရာနဲ့ ကိုးဦး ထွက်ပြေးသွားတဲ့အတွက် အပြင်မှာ ရှိနေတဲ့ တရားမဝင် နိုင်ငံခြားသားတွေအတွက် ဒါဟာ အင်မတန် အန္တရာယ် ကြီးပါတယ်၊ ဒီရက်ပိုင်းမှာ ဆိုလို့ရှိရင်။ အဲဒီအခါကျတော့ ၁၀၉ ဦးကတော့ လွတ်သွားတယ်၊ ဒါပေမဲ့ ဒီအမှုနဲ့ နွယ်ပြီးတော့ နောက်ထပ် ဘယ်နှစ်ယောက် ဒုက္ခရောက်ဦးမလဲ ဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။”

လင်းခေး လဝက ထိန်းသိမ်းရေးစခန်းမှာ တရားမဝင် နိုင်ငံခြားသား တထောင်ကျော်ရှိရာမှာ ၄၀၀ လောက်ဟာ မြန်မာတွေ ဖြစ်တယ်လို့ ကိုထွန်းထွန်းက ပြောသွားပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

မလေးရှားဝန်ကြီးချုပ် မြန်မာနိုင်ငံလာမည်

အနာဂတ်မှာ မြန်မာအလုပ်သမား ရှားပါးလာမှာ ထိုင်းလုပ်ငန်းရှင်များ ပူပင်

ဆော်ဒီအာရေဗီးယားမှာ မြန်မာ အလုပ်သမား တချို့ ဒုက္ခရောက်နေ

ထိုင်းမှာ မြန်မာအလုပ်သမား ၂၀၀ နီးပါး အလုပ်ထုတ်ခံရ

မြန်မာနိုင်ငံမှာ မော်တော်ယာဉ်စက်ရုံ တည်ဆောက်ဖို့ မလေးရှား ကုမ္ပဏီ စီစဉ်

မလေးရှားမှာ တရားမ၀င် မြန်မာအလုပ်သမားတွေ နိုင်ငံကူး လက်မှတ် အခက်တွေ့

ရန်ကုန်မှာ ရောက်နေတဲ့ မလေးရှား ၀န်ကြီးချုပ်ဟောင်း အဆို

မြန်မာစစ်တပ် မလေးရှားမှာ စစ်ပညာသင်မည်

မြန်မာ မလေးရှား အကျဉ်းသား အစီအစဉ် လူ့အခွင့်အရေးအဖွဲ့ ဝေဖန်

မလေးရှားနဲ့ မြန်မာ အကျဉ်းသား လဲလှယ်ဖို့ စီစဉ်