အာဖဂန်နစ္စတန်နိုင်ငံမှာ ကမ္ဘာ့အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲ ဆင်နွှဲနေတဲ့ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တဦး ဖြစ်တဲ့ မြန်မာလူမျိုး ကိုဖြိုးသူထိုက်ဟာ တာဝန်ထမ်းဆောင်ရင်း နှစ်ဆန်းတရက်နေ့က ကျဆုံးသွားတဲ့အတွက် ရုပ်အလောင်းကို ဇန်နဝါရီလ ၁၈ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု အာလင်တန် နိုင်ငံတော် သင်္ချိုင်းမှာ စစ်အခမ်းအနားနဲ့ မြေမြှုပ် သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
အာဖဂန်နစ္စတန် ကျေးရွာတခု အနီးတွင် တိုက်ကင်းလှည့်နေသော အမေရိကန် မရင်းတပ်ဖွဲ့ဝင် စစ်သည်တဦး ဖြစ်ပါသည်။ (Photo: AFP)
အသက် ၂ဝ ရှိပြီ ဖြစ်ပြီး အမေရိကန် မရိန်းတပ်မှာ Sam လို့ လူသိများတဲ့ ကိုဖြိုးသူထိုက်ရဲ့ အစ်ကို ကို Daniel ဇေယျာက ညီဖြစ်သူ ဘယ်လို ကျဆုံးသွားကြောင်း RFA ကို အခုလို ပြောပါတယ်။
“ကျွန်တော် အကြမ်းဖျဉ်း သိသလောက်ကပေါ့နော်၊ သူ့ရဲ့ အောက်ပိုင်း ကိုယ်ခန္ဓာ ဒဏ်ရာ ရရှိသွားတယ် ဆိုတော့ IED မိုင်းဗုံးနဲ့ပဲ ဖြစ်မယ် ထင်ပါတယ်။ ဒါပေမဲ့ အတိအကျတော့ ကျွန်တော် နောက်တရက်နှစ်ရက် ကြာရင် သိရမယ် ထင်ပါတယ်။ မြေမြှုပ်မိုင်း ဖြစ်ဖို့ များပါတယ်။”
ဒီကနေ့ ကိုဖြိုးသူထိုက်ရဲ့ ရုပ်အလောင်းကို Delaware ပြည်နယ်က မရိန်းတပ်မှာ သွားရောက် သယ်ဆောင်ပြီး Maryland ပြည်နယ် Frederick မြို့ကို ပို့ဆောင်မယ်လို့ ကိုဇေယျက ပြောပါတယ်။
မနက်ဖြန် အောက်မေ့ဖွယ် အခမ်းအနားကို Frederick မြို့မှာ ပြုလုပ်မှာ ဖြစ်ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့မှာတော့ ဝါရှင်တန်ဒီစီ အနီးရှိ အာလင်တန် နိုင်ငံတော်သင်္ချိုင်းမှာ စစ်အခမ်းအနားနဲ့ မြေမြှုပ် သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။
အမျိုးသမီးရေးရာ အမေရိကန် သံအမတ်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး
ကမ္ဘာ့ အမျိုးသမီးရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး Melanne Verveer မြန်မာနိုင်ငံကို သွားမည်
ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ စတင်ဖို့ အမေရိကန် ပြင်ဆင်
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော် ရွှေတံဆိပ်ဆု ဇွန်လမှာ ပေးအပ်မည်
အမေရိကန်ပေးတဲ့ အကူအညီမှာ အကြွေးကတ်စနစ် ပါဝင်ဖွယ်ရှိ
မြန်မာအပေါ် ပိတ်ဆို့မှု တချို့ရုပ်သိမ်းရေး အမေရိကန် စတင်ပြင်ဆင်
အမေရိကန် သံအမတ်သစ် အမြန်စေလွှတ်ဖွယ်ရှိ
မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို
မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို အမေရိကန်အစိုးရ စိတ်ပျက်
မှတ်ချက်များ
Click here to add your own comment