ထိုင်းနိုင်ငံ တပ်ခရိုင် ဖုတ်ဖရမြို့နယ်မှာ ရှိတဲ့ မြန်မာ ဘုန်းကြီးကျောင်းတွေက မြန်မာသံဃာတော်တွေကို ထိုင်းနိုင်ငံ မှာ နေထိုင်ခွင့်လက်မှတ် မရှိရင် မြန်မာပြည် ပြန်ပို့မယ်လို့ သက်ဆိုင်ရာက ပြီးခဲ့တဲ့လ က သတိပေးခဲ့ပေမယ့် အခုအခါ အဆင်ပြေသွားပြီလို့ သိရပါတယ်။
မြန်မာ ဘုန်းတော်ကြီးကျောင်းတွေမှာ အမှန်တကယ် နေထိုင်တဲ့ မြန်မာသံဃာတော်တွေကို အမြဲတမ်း စောင့်ကြည့်ဖို့အတွက် ကျောင်းထိုင်ကိုယ်တော်အဖြစ် ထိုင်းသံဃာတော် တပါးကျစီ တာဝန်ချထားပြီး လက်ရှိ နေထိုင်လက်စ မြန်မာသံဃာတော်တွေကို ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် လက်မှတ်တွေ ထုတ်ပေးတော့မမှာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖုတ်ဖရမြို့နယ် သာသာနာ့ ဗိမာန်ကျောင်းမှာ ၁၃ နှစ်ကျော်ကြာ သီတင်းသုံးနေထိုင်ခဲ့တဲ့ ဦးဇဝန က အခုလို မိန့်ကြားပါတယ်။
“ထိုင်းနိုင်ငံသား ဘုန်းကြီးတပါးကို ကျောင်းထိုင်ထား၊ သူကနေပြီး လက်ရှိ ရှိနေတဲ သံဃာတွေကို အာမ,ခံတယ် တာဝန်ယူတယ်ဆိုရင် ဆက်ပြီးနေခွင့်ပြုတယ်။ ဒါပေမယ့် သံဃာ အတိုးအလျော့ လုပ်လို့မရဘူး၊ လက်ရှိသံဃာ အတိုင်းပဲ နေရမယ်ပေါ့”
ပြည်ပက ဝင်ရောက်လာသူတွေဟာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အစစ်အဆေး လွတ်ကင်းအောင် ရဟန်းဝတ်ပြီး သွားလာကြတာကို စိစစ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ လွန်ခဲ့တဲ့ နှစ်လကစပြီး ထိုင်းအာဏာပိုင်တွေက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ထိုင်းနိုင်ငံရေနံကုမ္ပဏီ က မြန်မာလုပ်သားတွေ ဆန္ဒပြ
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နှစ်သစ်ကူး ဆင်နွဲ
အနာဂတ်မှာ မြန်မာအလုပ်သမား ရှားပါးလာမှာ ထိုင်းလုပ်ငန်းရှင်များ ပူပင်
ထိုင်းနဲ့မြန်မာ အတွေ့အကြုံ ဖလှယ်ကြ
ဆော်ဒီအာရေဗီးယားမှာ မြန်မာ အလုပ်သမား တချို့ ဒုက္ခရောက်နေ
ထိုင်းမှာ မြန်မာအလုပ်သမား ၂၀၀ နီးပါး အလုပ်ထုတ်ခံရ
မြန်မာ့ သဘာဝဓာတ်ငွေ့ ထိုင်းနိုင်ငံ ပိုမို ဝယ်လို
ထိုင်းဝန်ကြီးချုပ် ရဲ့ မြန်မာပြည်ခရီး လေ့လာသူတွေ သံသယရှိ
မှတ်ချက်များ
Click here to add your own comment