အရှေ့အလယ်ပိုင်း လူထုဆန္ဒပြပွဲများ မြန်မာပြည်သူတွေ အနီးကပ်စောင့်ကြည့်နေ

2011-02-26

တူနီးရှားနဲ့ အီဂျစ်နိုင်ငံမှာ ငြိမ်းချမ်းတဲ့ လူထုဆန္ဒပြပွဲတွေနဲ့ အစိုးရတွေ ဖြုတ်ချ လိုက်တာကို မြန်မာပြည်သူတွေ မျက်ခြေမပြတ် စောင့်ကြည့်နေကြ တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မလေးရှားသတင်းထောက် တွေကို တယ်လီဖုံးနဲ့ ပြောကြားသွားပါတယ်။

(Photo: AFP)

နေအိမ်အကျယ်ချုပ်မှ လွတ်လာသည့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် ဝိုင်းဝန်းဆီးကြိုသော လူထု ပရိသတ်နှင့် နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒါ့ပြင် အခု လစ်ဗျားနိုင်ငံက သမ္မတ Gaddafi ကို ထောက်ခံသူတွေနဲ့ အစိုးရဆန့်ကျင်သူတွေ ထိပ်တိုက် ရင်ဆိုင်တိုးနေတဲ့ ဖြစ်ရပ်တွေကိုပါ မြန်မာပြည်သူတွေ မျက်ခြေပြတ်မခံဘဲ ဆက်တိုက် နားဆင် လေ့လာနေကြတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတယ်လို့ သိရပါတယ်။

NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည် ဖြေကြားခဲ့တာကို RFA ကို အခုလို ပြောပြပါတယ်။

“အီဂျစ်တပ်ကတော့ ပြည်သူလူထုကို ပြန်ပြီး တိုက်တာမတိုက်တာ ရှိတဲ့အတွက် ပြောင်းလဲသွားတဲ့ ပုံစံက Hosni Mubarak ထွက်သွားရတယ်။ ဒါပေမယ့် လစ်ဗျားကျတော့ ဒီလိုမဟုတ်ဘူး။ ဂဒါဖီကျတော့ အပြင်းအထန် နှိပ်ကွပ်နှိမ်နင်းပြီးတော့ ဒီနေ့အထိ သွေးထွက်သံယို ပြဿနာတွေ ဖြစ်နေတာ တွေ့ရတယ်ပေါ့။ အဲဒီနှစ်ခုအပေါ်မှာ အမြဲတမ်း အခြေအနေကို မပြတ် စောင့်ကြည့်နေတယ်ဆိုတဲ့ သဘောကို ပြောသွားတာပဲ”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆိုလိုရင်းကိုလည်း ဦးတင်ဦးက အခုလို ဆက်ရှင်းပြသွားပါတယ်။

“ပြည်သူလူထုဆန္ဒနဲ့ ပတ်သက်ပြီး အေးအေးချမ်းချမ်းဖြစ်အောင် ပြတယ်ဆိုရင် တပ်ဟာ ပြည်သူလူထုကို လက်နက်နဲ့ နှိပ်ကွပ်တာ မလုပ်သင့်ဘူးပေါ့။ အီဂျစ်က အဲဒီလို လုပ်သွားတဲ့အတွက် ပြောင်းလဲသွားတယ်။ ဂဒါဖီ ကျတော့ သူ့တပ်ကို ခံပြီး ရက်ရက်စက်စက် နှိပ်ကွပ်တဲ့အတွက် ဒီအခြေအနေ နှစ်ရပ်ကို မျက်ခြေမပြတ် သုံးသပ်ကြည့်ရှုနေမယ်လို့ အဲဒီလိုပြောသွားတယ်လို့ နားလည်ပါတယ်”

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို

NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ရှိ

KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်