၂၀၀၉ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ နှစ်အလိုက် ဆက်တိုက် ဖြစ်ပေါ်နေတဲ့ အပူရှိန် မြင့်တက်လာမှုကို အခြေခံ တွက်ချက်ပြီး အခုလို ခန့်မှန်းတာ ဖြစ်တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။
"၂၀၀၉ ခုနှစ်တုန်းက ရှေ့ပိုင်းနှစ်တွေ အားလုံးထက် အပူဆုံးနှစ်။ ကျနော်တို့ရဲ့ မှတ်တမ်းကာလ သမိုင်းမှာ အပူဆုံးနှစ်။ ၂၀၁၀ ကျတော့ ၂၀၀၉ ရဲ့ စံချိန်ကိုချိုးပြီးတော့ အပူဆုံးနှစ်။ ဒီ trend နဲ့ သွားနေတော့ ၂၀၁၁ ဟာ အပူဆုံးနှစ် ဖြစ်လာဖို့ အလားအလာ အလွန်များတယ်"
ဒါ့ပြင် အခုနှစ် မိုးကြိုကာလနဲ့ မိုးလွန်ကာလတွေမှာ ရာသီဥတု ဖောက်ပြန်မှုကြောင့် လေဆင်နှာမောင်း တိုက်ခတ်မှု၊ မိုးကြိုးပစ်မှု၊ နေရာကွက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှု တို့ကြောင့် ရေကြီးမှု၊ မြေပြိုမှု၊ လေမုန်တိုင်း ဖြစ်ပေါ်မှု စတဲ့ သဘာ၀ ဘေးဒဏ်တွေနဲ့ ကြုံရနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။ အထူးသဖြင့် မိုးရာသီကာလ တိုတောင်းနိုင်တဲ့အတွက် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေ အထူး သတိထား လုပ်ကိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။
"မုတ်သုန်က ဝင်တာနောက်ကျပေမယ့် ထွက်တာ စောတဲ့အတွက် မိုးရာသီက တိုတောင်းပါမယ်။ မိုးရာသီကာလ ဆိုတာ အရင်တုန်းက ၁၄၅ ရက် ရှိပေမယ့် အခုဆိုရင် ၁၀၅ ရက်လောက်ပဲ ရှိတော့တယ်။ ရက်ပေါင်း ၁၀၈ ရက်ပဲ ရှိတယ်၊ အတိအကျပြောရင် ၃၇ ရက်လောက် လျော့သွားတယ်။ အဲဒီတော့ ဒါဟာ စိုက်ပျိုးရေးအတွက် အလွန် စဉ်းစားရမယ့် အချက်တခု ဖြစ်တယ်"
၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ကြုံတွေ့ရနိုင်တဲ့ မိုးလေဝသနဲ့ ရာသီဥတု အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
0:00 / 0:00
