မြန်မာ့အရေး နှစ်ရှည်ဆောင်ရွက်လာသူ ကနေဒါရဲ့ အမြင့်ဆုံးနိုင်ငံသားဆု ရရှိ

2011-09-17

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းသူ ကနေဒါနိုင်ငံသားတဦးကို ကနေဒါအစိုးရက "The Order of Canada" ခေါ် အမြင့်ဆုံးနိုင်ငံသားဆုကို မနေ့က ချီးမြှင့် ပေးအပ်လိုက်ပါတယ်။

၁၉၉၁ ခုနှစ်မှာ Canadians Friends of Burma (CFOB) ခေါ် "မြန်မာနိုင်ငံ မိတ်ဆွေများ ကနေဒါနိုင်ငံ" အဖွဲ့ကို စတင် တည်ထောင်သူတဦး ဖြစ်တဲ့ မစ္စတာ Paul Copeland ကို ကနေဒါနိုင်ငံ Ottawa မြို့မှာ မနေ့က မနက်က အခမ်းအနားနဲ့ ဆုချီးမြှင့်ခဲ့တာပါ။

ဒီဆုကို နယ်ပယ်အသီးသီးမှာ စေတနာနဲ့ တာဝန်ထမ်းဆောင် နေကြတဲ့ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ သိပ္ပံပညာရှင်တွေ အပါအဝင် စုစုပေါင်း ၄၅ ဦးကို ဂုဏ်ပြု ချီးမြှင့်ခဲ့တာပါ။ ဆုရရှိသူ မစ္စတာ Paul Copeland က မိမိအနေနဲ့ အလွန်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်လို့ ပြောပါတယ်။

သူဟာ ကနေဒါအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ ချမှတ်ရာမှာ အမြဲတမ်းလိုလို အကြံ ပေးလေ့ရှိပြီး မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို တစိုက်မတ်မတ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ အဖွဲ့သား ကိုဝင်းနိုင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

မြန်မာ့ လူ့အခွင့်အရေးနေ့ ပြဋ္ဌာန်းဖို့ ကနေဒါရောက် မြန်မာများ တောင်းဆို

တိုးတက်တဲ့ ခြေလှမ်းတွေ ဆက်ပြီးဆောင်ရွက်ဖို့ ကနေဒါတိုက်တွန်း

တိုင်းရင်းသား လူငယ်နှစ်ဦး ကနေဒါ အစိုးရနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မိန့် ကနေဒါ ဖယ်ရှားဦးမည် မဟုတ်

မြန်မာ့ လူ့အခွင့်အရေးအခြေအနေအပေါ် စိုးရိမ်ကြောင်း ကနေဒါပြောကြား

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်ည ဗင်ကူးဗားမှာ ကျင်းပ

ဒေါ်အောင်ဆန်းစုကြည် ကနေဒါ လူ့အခွင့်အရေးဆု ရရှိပြန်

မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စ ကနေဒါ ဖိအားဆက်ပေးမည်

နာမည်ကြီး ကနေဒါတက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ပါရဂူဘွဲ့ချီးမြှင့်