မြန်မာ့အရေး နှစ်ရှည်ဆောင်ရွက်လာသူ ကနေဒါရဲ့ အမြင့်ဆုံးနိုင်ငံသားဆု ရရှိ

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းသူ ကနေဒါနိုင်ငံသားတဦးကို ကနေဒါအစိုးရက "The Order of Canada" ခေါ် အမြင့်ဆုံးနိုင်ငံသားဆုကို မနေ့က ချီးမြှင့် ပေးအပ်လိုက်ပါတယ်။

0:00 / 0:00

၁၉၉၁ ခုနှစ်မှာ Canadians Friends of Burma (CFOB) ခေါ် "မြန်မာနိုင်ငံ မိတ်ဆွေများ ကနေဒါနိုင်ငံ" အဖွဲ့ကို စတင် တည်ထောင်သူတဦး ဖြစ်တဲ့ မစ္စတာ Paul Copeland ကို ကနေဒါနိုင်ငံ Ottawa မြို့မှာ မနေ့က မနက်က အခမ်းအနားနဲ့ ဆုချီးမြှင့်ခဲ့တာပါ။

ဒီဆုကို နယ်ပယ်အသီးသီးမှာ စေတနာနဲ့ တာဝန်ထမ်းဆောင် နေကြတဲ့ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ သိပ္ပံပညာရှင်တွေ အပါအဝင် စုစုပေါင်း ၄၅ ဦးကို ဂုဏ်ပြု ချီးမြှင့်ခဲ့တာပါ။ ဆုရရှိသူ မစ္စတာ Paul Copeland က မိမိအနေနဲ့ အလွန်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်လို့ ပြောပါတယ်။

သူဟာ ကနေဒါအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ ချမှတ်ရာမှာ အမြဲတမ်းလိုလို အကြံ ပေးလေ့ရှိပြီး မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို တစိုက်မတ်မတ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ အဖွဲ့သား ကိုဝင်းနိုင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

အသံဖိုင်ယူရန်။