တိုးတက်တဲ့ ခြေလှမ်းတွေ ဆက်ပြီးဆောင်ရွက်ဖို့ ကနေဒါတိုက်တွန်း

မြန်မာအစိုးရက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ သတင်းထောက်တွေ အပါအဝင် အကျဉ်းသား အတော်များများ ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က ကြေညာချက် ထုတ်ပြန်ပါတယ်။

2012.01.15
canada-fm-b305 ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird ။
UN Photo/Lou Rouse

ဒါဟာ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီး ဒီလမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်ဖို့နဲ့ မြန်မာပြည်သူ အားလုံးအတွက် ဒီမိုကရေစီရေး ၊ လွတ်လပ်မှု၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး စတာတွေ ဖြစ်ထွန်းလာအောင် လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

လတ်တလော မြန်မာအာဏာပိုင်တွေရဲ့ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး ခြေလှမ်းတွေနဲ့ ပတ်သက်လို့ မိမိတို့ အားတက်မိကြောင်း၊ ဒါတွေဟာ မြန်မာပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဦးတည်မယ့် ပဏာမ ခြေလှမ်းတွေဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ရေးသားထားပါတယ်။

မြန်မာအစိုးရအနေနဲ့ အတိုက်အခံတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့ ကနေဒါနိုင်ငံက ဆက်လက် တိုက်တွန်းကြောင်းလည်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။