ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါဝန်ကြီးချုပ် ဖိတ်ကြား

2010-12-28

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါနိုင်ငံကို လာရောက် လည်ပတ်ဖို့ ကနေဒါ ၀န်ကြီးချုပ် Mr. Stephen Harper က ဖိတ်ကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လောလောဆယ် မြန်မာနိုင်ငံတွင်းမှာ လုပ်ငန်း တာဝန်တွေကို အာရုံစိုက် လုပ်ဆောင်နေရတဲ့ အတွက် သင့်လျော်တဲ့ အချိန် တချိန်မှာ ကနေဒါ နိုင်ငံကို လာရောက်မယ်လို့ မျှော်လင့်ကြောင်း ကနေဒါ ဝန်ကြီးချုပ်က ပြောပါတယ်။ ဆုကို ကိုယ်တိုင် လက်ခံယူဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် ဖိတ်ကြားစာ ပေးပို့ရာမှာ ကနေဒါနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့ ဒီမိုကရေစီရေး အတွက် နှစ်ပေါင်းများစွာ ကြိုးပမ်း နေကြသူတွေနဲ့ အတူတကွ ရပ်တည်နေတယ် ဆိုတာကို ဂုဏ်ယူ ပြောကြားပါကြောင်း ရေးသား ထားပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရက်တစ် အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့လည်း မြန်မာ စစ်အစိုးရကို တောင်းဆို လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ကနေဒါ နိုင်ငံသားအဖြစ် ၂၀၀၇ ခုနှစ်မှာ ကနေဒါ လွှတ်တော်က ချီးမြင့်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီဂုဏ်ထူးဆောင်ဆု ချီးမြင့်ခံရတဲ့ နိုင်ငံတကာက ထင်ရှားတဲ့ ပုဂ္ဂိုလ် ငါးဦးသာ ရှိပြီး ကျန်တဲ့ လေးဦးကတော့ ဒုတိယ ကမ္ဘာစစ် အတွင်း ဂျူးလူမျိုး ထောင်ပေါင်း များစွာကို ကယ်တင်ခဲ့တဲ့ ဆွီဒင်နိုင်ငံက Raoul Wallenberg ၊ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား၊ တိဗက် ဘုန်းတော်ကြီး ဒလိုင်း လားမား နဲ့ ကမ္ဘာ့ အစ္စလာမ္မစ် မွတ်ဆလင် ခေါင်းဆောင် Aga Khan တို့ ဖြစ်ပါတယ်။

ဒီဆုကို ကိုယ်တိုင် လာရောက်လက်ခံယူဖို့ကိုလည်း ကနေဒါ New Democratic Party (NDP) ခေါင်းဆောင် Mr. jack Layton က ဒီဇင်ဘာလ အစောပိုင်းက ဖိတ်ကြားခဲ့ပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ မော်လမြိုင်မြို့ကို ရောက်ရှိ

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးတော့မယ်

ရွေးကောက်ပွဲဝင်ဖို့ NLD ရဲ့ ဆုံးဖြတ်ချက်

အာရပ်ကမ္ဘာ အပြောင်းအလဲမျိုးနဲ့ မြန်မာ့နိုင်ငံရေး အဖြေရှာမရနိုင်

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်း ပြည်တွင်းဂျာနယ် ဖော်ပြခွင့် ရရှိ

The Lady ရုပ်ရှင်ကား ပြသတော့မည်

ဒီမိုကရေစီ မိခင်ကြီးစာအုပ် မဲဆောက်မြို့မှာ စတင်ဖြန့်ချိ

အလုပ်ရုံဆွေးနွေးပွဲ မြင်ကွင်း ပြန်လည်သင့်မြတ်ရေး လမ်းစအဖြစ် မြင်

သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်အားရ

ဒေါ်စုရဲ့ နေပြည်တော်ခရီးစဉ် သူတို့ ဒီလိုမြင်ကြတယ်