ရွေးကောက်ပွဲရလဒ် လက်မှတ်ထိုးပြီးမှ ရုတ်ခြည်း ပြောင်းလဲ
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြိုံနယ် မဲဆန္ဒအမှတ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ တသီးပုဂ္ဂလ အမတ် ဒေါက်တာ စောနိုင်ဟာ ပြိုင်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အနိုင်ရတယ် ပုံစံ ၁၉ မှာ လက်မှတ်ထိုးပေးပါလို့ မြို့နယ်ကော်မရှင်က ပြောတာကြောင့် လက်မှတ်ထိုးပေးအပြီး တကယ်တမ်း တရားဝင် ကြေညာချက် ထွက်လာရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဦးအောင်ကျော်မိုး နာမည်ထွက်လာတယ်လို့ သိရပါတယ်။
ဒေါက်တာစောနိုင်ကို RFA မှ ဦးတင်အောင်ခိုင်က ဗန်ကောက်မြို့ကနေ ဆက်သွယ် မေးမြန်းထားပါတယ်။