သုံးလအတွင်း လက်နက်ကိုင် အဖွဲ့အားလုံးနဲ့ အပစ်ရပ်နိုင်မည် မျှော်လင့်

လာမယ့် သုံးလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီတဲ့ အဆင့်ကို ရောက်လိမ့်မယ်လို့ မျှော်မှန်းထားကြောင်း မီးရထားဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။

ပဋိပက္ခဖြစ်ပွားနေတဲ့ နယ်မြေတွေမှာ ရေရှည် တည်တံ့ခိုင်မြဲတဲ့ နိုင်ငံရေးအရ ဖြေရှင်းမှုတွေနဲ့အတူ စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လန်းလာရေးဟာ လက်တစ်ကမ်းမှာသာ ရှိပါတော့တယ်လို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။ အခုထိ လူမျိုးစု လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ထဲက ၉ ဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ ကချင်လွတ်မြောက်ရေး တပ်မတော် KIA အပါအဝင် ကျန် ၆ ဖွဲ့နဲ့ မကြာခင် လပိုင်းတွေအတွင်း လက်မှတ် ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း၊ ကရင်နီ တိုးတက်ရေးပါတီ KNPP နဲ့ လာမယ့် မတ်လ ၁ ရက်မှာ လက်မှတ်ထိုးမှာဖြစ်ပြီး တခြားအဖွဲ့ငယ် ၅ ဖွဲ့ကလည်း လက်နက်စွန့်ဖို့ အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ဦးအောင်မင်းက ပြောပါတယ်။ အဲဒီ ပြောကြားချက်တွေ အပြည့်အစုံကို အာအက်ဖ်အေ ဦးသစ်ဆင်းက တင်ပြထားပါတယ်။

0:00 / 0:00