တပြည်လုံး အပစ်ရပ်ရေး ကြေညာပေးဖို့ ပအို့ဝ်အဖွဲ့ တောင်းဆို

ပင်လုံစာချုပ်ပါအတိုင်း အမျိုးသား တန်းတူရေးနဲ့ ပြည်ထောင်စု တည်ဆောက်ပြီး ငြိမ်းချမ်းရေး ဖြစ်မြောက်ရေး ဆောင်ရွက်ဖို့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီကို ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO က တောင်းဆိုခဲ့တယ်လို့ PNLO က RFA ကို ဒီကနေ့ ပြောကြားပါတယ်။

2012.02.05

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့အဖွဲ့ကို ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး ငြိမ်းချမ်းရေး ကော်မတီ အဖွဲ့ဝင် ၃ ဦး ဒီကနေ့ ညနေပိုင်းက ထိုင်းမြန်မာနယ်စပ်မှာ တွေ့ဆုံခဲ့ပါတယ်။ PNLO အနေနဲ့ နိုင်ငံရေး ရပ်တည်ချက် ၃ ရပ်ကို တင်ပြပြီး အချက် ၁၁ ချက် တောင်းဆိုခဲ့တယ်လို့ သွားရောက်ဆွေးနွေးတဲ့ PNLO ငြိမ်းချမ်းရေး ကော်မတီက အဖွဲ့ခေါင်းဆောင် ခွန်မြင့်ထွန်းက ပြောပါတယ်။

PNLO ကတင်ပြချက်တွေထဲမှာ ပြည်ထောင်စုမှခွဲထွက်ခြင်းမပြုကြောင်း အာမခံထားပြီး အစိုးရအနေနဲ့ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို ပထမဦးဆုံး ကြေညာပေးဖို့ တောင်းဆိုထားပါတယ်။ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီး ၆ လ အတွင်း တိုင်းရင်းသားအဖွဲ့တွေ၊ နိုင်ငံရေး အင်အားစုတွေ တွေ့ဆုံဆွေးနွေးရေး လုပ် ဆောင်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

အလားတူ ဝန်ကြီး ဦးအောင်မင်း နဲ့ အဖွဲ့ဟာ ဒီကနေ့ မွန်းလွဲပိုင်းက လူဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-07 00:51

Pao or Karen?