စာပေစိစစ်ရေး ပြန်လည်တင်းကျပ်

စစ်အစိုးရရဲ့ စာနယ်ဇင်း ဆင်ဆာအဖွဲ့လို့ လူသိများတဲ့ စာပေစိစစ်ရေးနဲ့ ပုံနှိပ်ထုတ်ဝေရေး မှတ်ပုံတင်ဌာနဟာ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပြီးခဲ့ပေမဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အရင်ကလိုပဲ ပြန်တင်းကျပ်လာတယ်လို့ ရန်ကုန် စာနယ်ဇင်းသမားတချို့က ပြောပါတယ်။

0:00 / 0:00

နိုဝင်ဘာ ၂၉ ရက် မနေ့က ဆောင်းပါးရှင် ငါးမင်းဆွေရဲ့ “ဒေါ်စုကြည်သို့ပေးစာ (၂)” အမည်ပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နာမည်တပ်ထားတဲ့ ဆောင်းပါးတပုဒ်ကို ဒီတပတ်ထုတ်မဲ့ ဂျာနယ်တွေမှာ မထည့်မနေရ ထည့်ဖို့ စာပေစိစစ်ရေးက သက်ဆိုင်ရာ ဂျာနယ်တွေကို ခေါ်ယူ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီလို စစ်အစိုးရအာဘော်နဲ့ ကိုက်ညီသူတွေရဲ့ ဆောင်းပါးတွေကို မထည့်မနေရ ထည့်ခိုင်းတာဟာ ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ရန်ကုန်က အမည်မဖော်လိုတဲ့ စာနယ်ဇင်းဆရာတဦးက ပြောပါတယ်။

ဆောင်းပါးရှင် ငါးမင်းဆွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ရွှေဂုံတိုင်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီ ရုံးချုပ်ကို လူကိုယ်တိုင်ရောက်လာပြီး သူရေးတဲ့ စာတွေဖတ်ဖို့ ဆန္ဒပြခဲ့သူ ဖြစ်ပါတယ်။

ဒီလိုစာနယ်ဇင်းတွေမှာ စာပေစိစစ်ရေးက အစိုးရအာဘော်ဆောင်းပါးတွေ အတင်းအကျပ် ထည့်ခိုင်းနေတာနဲ့ ပတ်သက်လို့ စာနယ်ဇင်းဆရာတဦးနဲ့ RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်