ဗဟိုဘဏ် ဥပဒေမူကြမ်း ပုဂ္ဂလိကဘဏ်တွေနဲ့ ဆွေးနွေး

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်တွေ နဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ရန်ကင်းမြို့နယ်ထဲက မြန်မာနိုင်ငံဘဏ်များအသင်းမှာ မနေ့ကကျင်းပခဲ့ပါတယ်။

ဒီပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ဥက္ကဌအဖြစ် ဦးဆောင်တဲ့ ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ က ကျင်းပခဲ့တာပါ။

မကြာခင် ပြဌာန်းနိုင်တော့မယ့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေမူကြမ်းနဲ့ နည်းဥပဒေတို့အပေါ် ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တွေရဲ့အကြံဉာဏ်တွေကို ရယူလိုတဲ့အတွက် တွေ့ဆုံတာဖြစ်တယ်လို့ ဦးအောင်သောင်းက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တွေရဲ့အကြံပြုဆွေးနွေးချက်တွေကို မှတ်သားသွားပြီး လွှတ်တော်မှာ အလေးပေးထည့်သွင်း ဆွေးနွေးသွားမယ်လို့ ကော်မတီဥက္ကဌ ဦးအောင်သောင်း က ပြောကြားခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲကို ဘဏ်များနဲ့ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်တချို့နဲ့ ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင် ၂ဝ ဝန်းကျင် တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေမူကြမ်းနဲ့ပတ်သက်တဲ့ သဘောထားမှတ်ချက်တွေ၊ ဘဏ်လုပ်ငန်းရှင်တွေ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ ဥပဒေမှာ ပါဝင်သင့်တဲ့အချက်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။