တပ်ပြေးကလေးစစ်သားကိစ္စ လူ့အခွင့်အရေးကောင်စီကို တင်ပြ

အဓမ္မ စစ်တပ်တွင်း သွတ်သွင်းခံရတဲ့ ကလေးစစ်သား တစ်ဦး ပြန်လည်ထွက်ပြေး လွတ်မြောက်လာကြောင်း သိရပါတယ်။

ပြည်မြို့က မောင်သန်းနိုင်ထွန်း ဆိုသူ အသက် ၁၄ နှစ် အရွယ် ကျောင်းသားလေး ကို ၂၀၀၈ ခုနှစ်က စစ်သားတစ်ဦးက အလုပ်ရမယ်ဆိုပြီး ခေါ်ဆောင်သွားပြီး စစ်တပ်ထဲကို အဓမ္မ သွင်းခဲ့ပါတယ်။

မောင်သန်းနိုင်ထွန်းဟာ လားရှိုးမြို့ သံချပ်ကာတပ်မှာ တာဝန်ထမ်းဆောင်နေခဲ့ရပြီး ၃ နှစ် အကြာမှာ ထွက်ပြေးပြီး မိဘထံ ပြန်လည် ရောက်ရှိလာပါတယ်။

ဒါပေမဲ့ တပ်ပြေးတစ်ဦး ဖြစ်နေတာကြောင့် ဒီကိစ္စကို ကြားဝင်ဆောင်ရွက်ပေးဖို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကောင်စီကို မိဘတွေက ဒီကနေ့ တင်ပြထားသလို ILO ကိုလည်း ဆက်လက်တင်ပြမယ်လို့ သိရပါတယ်။

မောင်သန်းနိုင်ထွန်းကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

0:00 / 0:00