ကလေးစစ်သား ပြန်လွှတ်မှု ကုလ ကြိုဆို

0:00 / 0:00

မြန်မာ့တပ်မတော်အတွင်းက ကလေးသူငယ်နဲ့ လူငယ် ၄၂ ဦးကို နှုတ်ထွက်ခွင့်ပြုလိုက်တဲ့အပေါ် ကုလသမဂ္ဂက ကြိုဆိုလိုက်ပြီး၊ စစ်အုပ်ချုပ်ရေးအောက်က တိုင်းပြည် လွတ်ကင်းလာနေချိန်မှာ နောက်ထပ်ကျန်နေသေးတဲ့ ကလေးစစ်သားတွေအားလုံး ပြန်လွှတ်ပေးဖို့ တိုက် တွန်းလိုက်ပါတယ်။

အခုအခါ မြန်မာစစ်တပ်က ကလေးစစ်သား စုဆောင်းနေတာတွေ လျော့နည်းသွားပြီဖြစ်ပေမယ့် လုံးဝပပျောက်သွားတာတော့ မဟုတ်သေးဘူးလို့ ကုလသမဂ္ဂ ကြေညာချက်တစ်စောင်မှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် မစ္စတာ Ashok Nugam ကလည်း ပြန်လွတ်လာတဲ့ ကလေးစစ်သား ၄၂ ယောက်နဲ့ သူတို့ရဲ့မိသားစုတွေ အတွက် မိမိတို့ဝမ်းမြောက်ပျော်ရွင်မိပါတယ်၊ နောက် ထပ်ကလေးအများအပြား ပြန်လွတ်ဖို့လည်း ကြိုးစား ရပါဦးမယ်လို့ ပြောကြားပါတယ်။

အခု ပြန်လွတ်လာသူ ၄၂ ယောက်ထဲက ၃၄ ယောက်ဟာ အသက် ၁၈ နှစ်၊ ကျန်လူငယ် ၈ ယောက်က စစ်တပ်ထဲအသွင်းခံခဲ့ရစဉ်က အရွယ်မရောက်သေးသူတွေဖြစ်ကြပါတယ်။

ကုလသမဂ္ဂနဲ့ သဘောတူညီချက်အရ မြန်မာ့တပ်မတော်ဟာ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလမှာ ကလေးစစ်သား ၄၂ ယောက် ပြန်လွှတ်ပေးခဲ့ပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ နောက်ထပ် ၂၄ ယောက် ပြန်လွှတ်ပေးခဲ့ပါတယ်။

စစ်တပ်ထဲမှာ ကလေးစစ်သားအရေအတွက် ဘယ်လောက်ရှိသလဲဆိုတာ အတိအကျမသိရပေမဲ့၊ ၂ဝဝ၆ ခုနှစ်ကစပြီး အခုထိစစ်တပ်က ပြန်လွှတ်ခဲ့တဲ့ ကလေးစစ်သား စုစုပေါင်း ၅၂ဝ ကျော်ရှိတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်)က ပြောပါတယ်။

ကလေးစစ်သား ကိစ္စ နဲ့ပတ်သက်ပြီး ဒေါ်စန်းစန်းတင် က စုစည်းတင်ပြထားပါတယ်။