မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ကလေးစစ်သား စုဆောင်းနေတာတွေကို ကာကွယ် တားမြစ်တဲ့ ဆုံးဖြတ်ချက် တရပ်ကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။
အခုဆုံးဖြတ်ချက် ထုတ်ပြန်တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက
“လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ ပြဌာန်းထားတဲ့ စည်းမျဉ်း ဥပဒေ ချိုးဖောက်တဲ့ လုပ်ရပ် မှန်သမျှကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက သည်းခံ ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ လက်နက်ကိုင် ပဋိပက္ခ
ဖြစ်ပွားနေတဲ့ ဒေသတွေမှာ ကလေး စစ်သား စုဆောင်းတာ၊ ကလေးတွေကို သတ်ဖြတ်တာ၊ အဓမ္မ ကျင့်တာ၊ ကလေးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို ထိခိုက် နစ်နာစေတဲ့ စာသင်ကျောင်းနဲ့
ဆေးရုံတွေကို ပစ်ခတ် ဖောက်ခွဲ ဖျက်ဆီးပစ်တာတွေကို ကာကွယ် တားဆီးနိုင်ဖို့ ဒီဥပဒေ စည်းကမ်းတွေ သတ်မှတ်ထားတာ ဖြစ်ပါတယ်။“ လို့ ပြောသွားပါတယ်။
လုံခြုံရေးကောင်စီရဲ့ အခု ဆုံးဖြတ်ချက်မှာ လက်နက်ကိုင် တိုက်ပွဲ ဖြစ်ပွါးနေတဲ့ နေရာတွေမှာ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ပစ်မှတ်ထားပြီး ဖျက်ဆီးနေတာမျိုး တွေကို ပြင်းပြင်းထန်ထန် ကာကွယ်
တားမြစ်ဖို့ အချက်တွေ ပါဝင်တယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆိုပါတယ်။
အမေရိကန် ပြည်ထောင်စု အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Fund မြန်မာ့ ရံပုံငွေ အဖွဲ့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အခုလို ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ ကလေး
စစ်သား စုဆောင်းမှု ပပျောက်ရေး အတွက် ဖိအားပေးလိုက်တာ ဖြစ်တယ်လို့ ဝေဖန် ပြောကြားလိုက်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်ရဲ့တင်ပြချက်ကိုလည်း နားဆင်နိုင်ပါတယ်။