ချင်းအမျိုးသားနေ့ အခမ်းအနားတွေ စတင်ဖွင့်လှစ်

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊ ချင်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးဟောက်ခင်းခမ်တို့က ၆၅ နှစ်မြောက် ချင်းအမျိူးသားနေ့ အခမ်းအနားကို ဒီကနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့တာလို့ ချင်းပြည်နယ်ရဲ့ လူမှုရေးဝန်ကြီး ဦးဗန်ထောင်းက RFA ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃ဝ ကျော်ကြာ ချင်းအမျိုးသားနေ့ကို တရားဝင်ကျင်းပခွင့်မရရှိခဲ့ပဲ ဒီနှစ်ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မှာ ချင်းအမျိူးသားနေ့အဖြစ် ပထမဦးဆုံးအကြိမ် တရားဝင် ပြန်လည်ကျင်းပနိုင်တာဖြစ်ပါတယ်။

ချင်းရိုးရာ နာပန်းပွဲ၊ ချင်းအမျိူးသမီး လွန်ဆွဲပွဲတွေနဲ့ တခြားအားကစားတွေလည်း ဒီကနေ့ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

မနက်ဖြန် နံနက်ပိုင်း ၈ နာရီမှာ ချင်းအမျိူးသားနေ့ အခမ်းအနားကို စတင်ကျင်းပမှာဖြစ်ပြီး ပြည်ထောင်စု အစိုးရအနေနဲ့ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ ချင်းအမျိူးသားတပ်ဦးက အထွေထွေအတွင်းရေးမှူး(၂) ဒေါက်တာရွှေခါး၊ ဗိုလ်မှူးကြီး ဆော်လမွန်နဲ့ ဒေါက်တာ လျန်မှုန်းဆာခေါင်းတို့ တက်ရောက်ကြမယ်လို့ ဦးဗန်ထောင်းက ပြောပါတယ်။