ဦးဗစ်တာဗျတ်လျှံကတော့ သူ့ကို အဲဒီလို ဆုချီးမြင့်ဖို့ ရွေးချယ်ခံရတာဟာ မြန်မာပြည် ဒီမိုကရေစီအရေး ၊ လူ့အခွင့်အရေး လှုပ်ရှားမူကို အသိအမှတ်ပြု ဂုဏ်ပြုလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ် ။
ဒါ့အပြင် သူကို ဆုချီးမြင့်ဖို့ ရွေးချယ်ရတဲ့ အကြောင်းမှာ ဘာသာရေး လွတ်လပ်ခွင့်နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့်လည်း ပါတယ်လို့ RFA ကို ပြောပါတယ် ။
“ကျွန်တော့ကို အဲဒီ ဆုချီးမြှင့်တာက ဒီ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားတဲ့ အပေါ်မှာရော၊ နောက်ပြီးတော့ religious freedom (ဘာသာရေး လွတ်လပ်ခွင့်) နဲ့ ပတ်သက်တဲ့ အဲဒီ လှုပ်ရှားမှုတွေအပေါ်မှာ၊ နောက် ဒီ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းထဲမှာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းကြဖို့၊ ဒီ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ လုပ်တဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းအပေါ်မှာ ကြည့်ပြီးတော့ အဲဒီလို ဆုချတာ ဖြစ်တယ်လို့ သူတို့ကတော့ အဲဒီလို ရေးထားတယ်။”
ဦးဗစ်တာ ဗျတ်လျှံကို နော်ဝေးနိုင်ငံ အခြေစိုက် Norwegian Mission to the East အဖွဲ က လာမဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ အခမ်းအနားနဲ့ ဆုချီးမြင့်မှာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒီအကြောင်း RFA က ဝိုင်းတော်သား ဦးခင်မောင်စိုးမင်းက အသေးစိတ် စုစည်း တင်ပြထားပါတယ်။