မြန်မာ့ လျှပ်စစ်စွမ်းအင် ပြဿနာ တရုတ်ကူညီလို

မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင် မလုံမလောက်ဖြစ်နေတာကို ကူညီဖို့အတွက် မြန်မာ့ဓာတ်အားပေးလုပ်ငန်း အဆင့်မြှင့်တင်ပေးရာမှာ ပူးပေါင်းပါဝင်ရေး ဆွေးနွေးကြဖို့ မိမိတို့ပြည်တွင်းက ကုမ္ပဏီတွေကို အားပေး တိုက်တွန်းမယ်လို့ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
2012-05-25
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
asean_thein_sein_wen_jiabao_305_z
ဗီယက်နမ်နိုင်ငံတွင် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် ၁၃ ကြိမ်မြောက် အာစီယံ နှင့် အာရှသုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန် (ယာ) နှင့် တရုတ်ဝန်ကြီးချုပ် Wen Jiabao (ဝဲ) တို့တက်ရောက်နေစဉ်။ (Photo: AFP)
(Photo: AFP)

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် မြန်မာပြည်တွင်းက မြို့အတော်များများမှာ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေကြောင်း၊ မြန်မာ့စွမ်းအင် အရင်းအမြစ်တွေကို အစိုးရက တရုတ်ပြည်ကို ရောင်းချနေတဲ့အတွက် ပြည်တွင်းမှာ စွမ်းအင်မလုံလောက်ရတာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောဆိုကြကြောင်း ဆင်ဝှာသတင်းက ဖော်ပြပါတယ်။

တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟုန်လီကတော့ တရုတ်အစိုးရဟာ နှစ်ပြည်ထောင်က ပြည်သူတွေ အကျိုးအတွက် မိမိတို့ ကုမ္ပဏီတွေကို နှစ်ဦးနှစ်ဘက် အကျိုးရှိရေး အခြေခံမူကို ကိုင်စွဲပြီး မြန်မာနိုင်ငံနဲ့ စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ အမြဲတိုက်တွန်းနေကြောင်း၊ အခု စွမ်းအင်ကဏ္ဍ မှာလည်း ဒေသဆိုင်ရာ ဥပဒေ စည်းမျဉ်းတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနဲ့ တရုတ်ကုမ္ပဏီတွေကြား ကန်ထရိုက် စာချုပ်တွေ ချုပ်ဆိုခဲ့ကြကြောင်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင် မလုံမလောက် ဖြစ်ရတာဟာ အဓိကအချက်အနေနဲ့ ဓာတ်အားလိုင်းတွေ မကောင်းလို့ ဖြစ်ကြောင်း၊ တရုတ်အစိုးရ အနေနဲ့ မြန်မာ့ဓာတ်အားလိုင်းတွေ အဆင့်မြှင့်ပေးရေးအတွက် မိမိတို့ ကုမ္ပဏီတွေကို မြန်မာအစိုးရနဲ့ ဆွေးနွေးစေလိုကြောင်း တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟုန်လီက ပြောဆိုခဲ့ပါတယ်။

ကွန်မင့်များ (14)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

တရုတ်ကြီးးး ခြေတလှမ်းတိုးးး နေခြင်းးး

May 29, 2012 11:01 AM

Newson

နေရပ်- Myanmar

We don't absolutely need your bull shit help! Just stop destroying our soil,you have been taking everything from Myanmar. You have never been a good neighbour of Myanmar. Just stop your actions. Enough is enough. That's all!

May 29, 2012 09:28 AM

yan naing

နေရပ်- Japan

We do not need Chinese help. Plese help poor citizen in your country. Do not come our country and do not say "help"

May 29, 2012 04:48 AM

အမည်မဖော်လိုသူ

Please leave our country alone. We don't need your help. We will sit in dark but we will never seek your help because you never do ethical business in the history till today. Please stay away from our Country.

May 28, 2012 10:21 PM

လူဆိုး

နေရပ်- လမ်းဘေး

အဲဒါပြောတာပေါ့ဗျာ ကိုယ်ပေးတဲ့ဒုတ်နဲ့ ကိုယ့်ပြန်ရိုက်တယ်ဆိုတာ
ကိုယ့်နိုင်ငံက ပစ္စည်နဲ့ကို သူများဆီအောက်ကျ နောက်ကျနဲ့ မယူချင်းလည်း ယူနေရတာ သူတို့ကတော့ သူများပစ္စည်နဲ့ နာမည်ကောင်း၇နေတာ..

May 28, 2012 10:19 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.