တရုတ်နိုင်ငံကို ငါးရက်ကြာ ခရီးစဉ်အဖြစ် ရောက်နေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တွေ့ဆုံစဉ်မှာ တရုတ်ပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေက
အခုလို တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဆွေးနွေးတဲ့ အကြောင်းအရာတွေထဲမှာ တရုတ် မြန်မာ နယ်စပ်လုံခြုံရေး ကိစ္စ၊ တရုတ်နိုင်ငံထဲကို ကချင် စစ်ပြေးဒုက္ခသည်တွေ
ဝင်ရောက်နေတဲ့ကိစ္စတွေ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ဒုတိယပတ်အတွင်းက မဲခေါင်မြစ်အတွင်း ခုတ်မောင်းနေတဲ့ တရုတ်ကုန်တင် သင်္ဘောတစ်စီးဟာ မြန်မာနိုင်ငံဘက်က လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့
ပြန်ပေးဆွဲတာ ခံလိုက်ရပြီး တရုတ်သင်္ဘောသား ၁၃ ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် တရုတ် မြန်မာနယ်စပ်ကို ကချင်စစ်ပြေး
ဒုက္ခသည်တွေ သောင်းချီပြီး ခိုလှုံနေကြပါတယ်။
သူရဦးရွှေမန်းဟာ တရုတ်ပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ Wu Bangguo ရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်ပြည်ကို ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်နေတာပါ။
သူရဦးရွှေမန်းရဲ့ တရုတ်ပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ် မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောကို ကိုဉာဏ်ဝင်းအောင်က
ဆက်သွယ် မေးမြန်းထားပါတယ်။