တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ယူနန်တက္ကသိုလ်ရဲ့ ဖိတ်ကြားချက်နဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၈ ဦးဟာ လာမယ့် ဇွန်လ ၁၉ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ၇ ရက်ကြာ တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ယူနန်တက္ကသိုလ်က ဖိတ်ကြားတာဖြစ်ပြီး မြစ်ဆုံစီမံကိန်းနဲ့ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းရှိတဲ့ဒေသက လွှတ်တော်ကိုယ်စားလှယ်တွေပါတယ်လို့ ဖိတ်ကြားခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။
"ကျောက်ဖြူဒေသက လွှတ်တော်ကိုယ်စားလှယ်၊ လက်ပံတောင်းဒေသက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၊ မြစ်ဆုံဒေသက လွှတ်တော်ကိုယ်စားလှယ်တွေ စသဖြင့်ပါ့လေ၊ အဓိကက တရုတ်ရင်းနှီးမြှုပ်နှံမှုတွေပြု ထားပြီးတော့ နည်းနည်းပြဿနာတက်နေတဲ့နေရာက အခြေအနေတွေ ပြည်သူလူထုရဲ့ခံစားချက်တွေ နောင်မှာ သူတို့ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်ဆိုရင် တရုတ်ပြည်နဲ့ ဆက်ဆံရေးလုပ်မယ့် အနေအထားမှာ ကျနော် တို့နိုင်ငံအပေါ်မှာ ဘာတွေသတိထားသင့်သလဲဆိုတာတွေ သဘောထားထင်မြင်ချက်တွေ သူတို့မေးလိမ့် မယ်လို့ထင်ပါတယ် "
လွှတ်တော်ကိုယ်စားလှယ် ၈ ဦးဟာ တရုတ်ပြည်ခရီးစဉ်အတွင်း ရှန်ဟိုင်း၊ ပီကင်းနဲ့ ကူမင်းမြို့ကို သွားရောက်မှာဖြစ်ပြီး ယူနန်ပြည်နယ်အစိုးရအဖွဲ့၊ တရုတ်စီးပွားရေးပညာရှင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
