တရုတ် မြန်မာ ကုန်သွယ်မှု ၉ ဘီလီယံကျော်ရှိ


2016.02.16
myanmar-china-border-trade-fair-620.jpg ၁၅ ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ် ကုန်စည်ပြပွဲကို ကျယ်ဂေါင်မြို့မှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကကျင်းပစဉ်
ဓါတ်ပုံ - ရဲထက်

တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးတန်ဖိုးဟာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ရဲ့ ပထမ ၁ဝ လဖြစ်တဲ့ မနှစ်က ဧပြီလကနေ အခုနှစ် ဇန်နဝါရီလထိ အမေရိကန်ဒေါ်လာ သန်း ၉ ထောင့် ၄ ရာဖိုးရှိခဲ့တယ်လို့ တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက တနင်္လာနေ့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ့ ၁ဝ လအတွင်း မြန်မာနိုင်ငံဘက်ကနေ အဓိကတင်ပို့တဲ့ ကုန်ပစ္စည်းတွေက ရေနံ၊ သဘာဝ ဓါတ်ငွေ့နဲ့ လယ်ယာထွက်ကုန်တွေဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်ဘက်ကနေ တင်သွင်းတဲ့ပစ္စည်းတွေကတော့ စားသောက်ကုန်တွေအပြင် ဆောက်လုပ်ရေးလုပ်ငန်းသုံးတွေ လည်း ပါဝင်တယ်လို့ဆိုပါတယ်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တုန်းက နှစ်နိုင်ငံကုန်သွယ်ရေးတန်ဖိုးက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ သောင်းဖိုးရှိခဲ့တယ်လို့ တရားဝင်စာရင်းဇယားအရ သိရပါတယ်။

မြန်မာဘက်က တင်ပို့တဲ့ကုန်ပစ္စည်းတန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၄ ထောင့် ၆ ရာဖိုး လောက်ရှိပြီး၊ တရုတ်ဘက်က ပြန်တင်သွင်းတဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၅ ထောင့် ၆ ရာဖိုးလောက်ရှိတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာဘက်က တရားဝင်စာရင်းတွေအရ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ပမာဏဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ သောင်း ၅ ထောင့် ၄ ရာ ၂ ဆယ် လောက်ရှိနေပြီး၊ လုပ်ငန်းပေါင်း ၁၁၅ ခုမှာ ရင်းနှီးထားတာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။