ကချင်ပြည်နယ်အတွင်းက စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်တွေအတွက် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက ကျပ်သန်း ၈၀၀ ကျော်ဖိုးရှိတဲ့ လူသားခြင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်မယ်လို့ ရန်ကုန်မြို့ တရုတ်သံရုံးက ဒီနေ့ ကြေညာလိုက်ပါတယ်။
တရုတ်နိုင်ငံ ကြက်ခြေနီအဖွဲ့ဟာ ဆန်၊ ဆီ၊ ဆေးဝါးနဲ့ အခြားအရေးပေါ်သုံး ပစ္စည်းတွေပါဝင် တဲ့ သေတ္တာပေါင်း အစုံတစ်သောင်းကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကတဆင့် ပေးလှူသွားမှာဖြစ် ပါတယ်။ အဲဒီပစ္စည်းတွေကို မြန်မာနိုင်ငံထဲ ပို့ဆောင်ဖို့ အတွက် တရုတ်မြန်မာနယ်စပ် စစ်ဆေးရေးဂိတ်တစ်ခု မှာ အဆင်သင့်ရောက်ရှိနေပြီဖြစ်ပြီး အခုလနောက် ဆုံးပတ်မှာ အရောက်ပို့ဆောင်မယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံ ကြက်ခြေနီအသင်းအနေနဲ့ ကချင်ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက တာဝန်ရှိသူတွေနဲ့အတူ ဖေဖော်ဝါရီ ၂၂ ရက်နေ့ သို့မဟုတ် ၂၃ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
