စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဂဇတ်ကျေးရွာအနီးက လောင်းဂရိတ်ဝဲမှာ မုံရွာကနေ ဟုမ္မလင်း ကိုပြေးဆွဲနေတဲ့ ရာဇာထွန်း အမြန်ရေယာဉ် ဒီနေ့မနက် ၅ နာရီခွဲလောက်က တိမ်းမှောက်ခဲ့ရာမှာ အခုထိသေဆုံးသူ ၄ ဦးရှိပြီး၊ ၂ဝ နီးပါး ပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေ က ပြောပါတယ်။
စက်လှေပေါ်ပါသူ ခရီးသည် ၅၃ ထဲက အခုထိ ၄ဝ ကျော် ကယ်ဆယ်ရမိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၄ ဦးကို ကလေးဝမြို့ တပ်မတော် ကုတင် ၁ဝဝ ဆေးရုံမှာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။
ရာဇာထွန်း အမြန်ရေယာဉ် တိမ်းမှောက်မှု နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကလေးခရိုင် မီးသတ်တပ်ဖွဲ့မှူး ဦးဘုန်းအဲကို RFA သတင်းထောက် မခင်ပြည့်စုံ ဆက်သွယ်မေးမြန်းထားပါတယ်။
ကူညီကယ်ဆယ်ရေး လိုက်လုပ်ပေးနေတဲ့ ကလေးဝမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကိုကိုနိုင် ကိုလည်း RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
