တရုတ်အစိုးရ ရေနံကုမ္ပဏီက မြန်မာနိုင်ငံ အလယ်ပိုင်းမှာ သဘာဝဓာတ်ငွေ့နဲ့ ရေနံစိမ်း အမြောက်အမြား တွေ့ရှိတယ်လို့ မြန်မာအစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ထုတ်လုပ်မှု လုပ်ငန်းများတွင် တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံနေခြင်းကို မြန်မာနိုင်ငံမှ တိုင်းရင်းသားများ အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့တွင် ၂၀ဝ၉ အောက်တိုဘာ ၂၈ ရက်နေ့က ဆန့်ကျင်ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: AFP)
တရုတ်ကုမ္ပဏီ အနေနဲ့ တွေ့ရှိတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့များကို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်ရေနံကုမ္ပဏီ SIPC ဟာ အာရှထိပ်တန်း ရေနံချက်စက်ရုံတွေ ပိုင်ဆိုင်သူဖြစ်ပြီး တရုတ်ပြည်ရဲ့ နှစ်စဉ်စီးပွားရေးတိုးတက်နှုန်း ၁၀% ကို ပြည့်မီအောင် ရေနံလိုအပ်ချက် ၅% ကနေ ၆% အထိ လာမဲ့ ၅ နှစ်အတွင်း ဖြည့်ဆည်းပေးနိုင်ဖို့ လျာထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
လက်ရှိအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဟာ ထိုင်းနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ လာမဲ့ ၂၀၁၃ မှာ သဘာဝဓာတ်ငွေ့ အများဆုံး ဝယ်ယူတဲ့ နိုင်ငံ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
မြန်မာနဲ့ တရုတ် နှစ်နိုင်ငံ သဘောတူညီချက်အရ ရခိုင်ကမ်းလွန်ရေနံ လုပ်ကွက် ၂ ခုကနေ ဓာတ်ငွေ့များ ဝယ်ယူခွင့် ရရှိထားပါတယ်။ အဲဒီ ရခိုင်ကမ်းလွန်လုပ်ကွက် A-1 နဲ့ A-3 တို့ဟာ သဘာဝဓာတ်ငွေ့ ကုဗပေ ၁၀ ထရီလျံအထိ ရှိနိုင်တယ်လို့ တွက်ချက်ထားတဲ့ နေရာများ ဖြစ်ပါတယ်။|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
တရုတ်အစိုးရ သဘောထားအပေါ် ဦးအောင်ကျော်ဇောနဲ့ မေးမြန်းချက်
မြန်မာ့ စွမ်းအင်ဈေးကွက် ပြည်သူခံစားနိုင်ဖို့ လိုအပ်
မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော
တရုတ်နိုင်ငံ ထဲရောက် ကချင် စစ်ပြေးဒုက္ခသည်တွေ ထောက်ပံ့မှု မလုံလောက်
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင် သိရအောင် တွေ့တာလို့ တရုတ် ဆို
တရုတ် မြန်မာ ဆက်ဆံရေး ထိခိုက်ဖို့ အမေရိကန် မလိုလား
ကချင်စစ်ပြေး ဒုက္ခသည်တွေ ပြန်ဖို့ တရုတ် အာဏာပိုင်တွေပြောဆို
မြန်မာဟာ တရုတ် ရဲ့ မိတ်ဆွေစစ် ဖြစ်ကြောင်း သူရ ဦးရွှေမန်း ပြောဆို
တရုတ်ရေနံပိုက်လိုင်း စီမံကိန်းမှာ ပါဝင်တဲ့ နော်ဝေ အစိုးရကို ရွှေဂက်စ် ရှုတ်ချ
မှတ်ချက်များ
Click here to add your own comment