လတ်တလော ဆန်ကာတင် ရွေးချယ်ခံရသူတွေက အလုပ်သမားအရေး လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးဖိုးဖြူ ခေါ် ဦးရန်နိုင်အောင်၊ ဘေးအန္တရာယ်တွေအကြား သတင်းလိုက်ခဲ့သူ Kachin Land သတင်းဌာန သတင်းထောက်ချုပ် လဖိုင်နော်မိန်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့၊ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာနဲ့ နာရေးကူညီမှုအသင်း (ရန်ကုန် ) က စာရေးဆရာမ ဒေါ်သန်းမြင့်အောင်တို့ ဖြစ်ပါတယ်။
အဲဒီငါးဦးထဲက နောက်ဆုံး ဆုရရှိသူ တစ်ဦးကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ရွေးချယ်မှုကိုတော့ လာမယ့် မေလ ၁၁ ရက်ကနေ ၂၅ ရက်နေ့အထိ ပြည်သူ့ဂုဏ်ရည် အင်တာနက် စာမျက်နှာမှာ အများပြည်သူရဲ့ ဆန္ဒမဲနဲ့ ဆုံးဖြတ်သွားမယ်လို့ အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်နေတာဟာ အခု တတိယအကြိမ် ဖြစ်ပါတယ်။ မနှစ်က အကျဉ်းကျ သံဃာတော်တွေကို ကူညီခဲ့တဲ့ ဒေါ်ရှုက ဆုရရှိခဲ့ပြီး ပထမဆုံးအကြိမ်က နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ရရှိခဲ့ပါတယ်။ ဒီနှစ် ဆုပေးပွဲကို လာမယ့် မေလ ၂၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အဲဒီပွဲကို ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။
