ကျင်းပခွင့်မရပေမယ့် ပုဒ်မ ၄၃၆ ပြင်ရေး ဟောပြောပွဲ လုပ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပမယ့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲနေရာကို မြို့နယ်ရဲတပ်ဖွဲ့က ခွင့်ပြုချက်မပေးကြောင်း သိရပါတယ်။

ခွင့်ပြုချက်မရပေမဲ့ ဟောပြောပွဲကို ကျင်းပသွားမှာဖြစ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမားကီးက အခုလိုပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ကချင်ပြည် နယ် မြစ်ကြီးနားမြို့မှာ ကျင်းပမယ့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲနေရာကို မြို့နယ်ရဲတပ်ဖွဲ့က ခွင့်ပြုချက်မပေးကြောင်း သိရပါတယ်။

ခွင့်ပြုချက်မရပေမဲ့ ဟောပြောပွဲကို ကျင်းပသွားမှာဖြစ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ကိုမားကီးက အခုလိုပြောပါတယ်။

"ဒေသခံ NLD တွေကဖြေလိုက်တာကို သူတို့ကဘာမှ အကြောင်းပြန်ကြားချက်မပေးပဲနဲ့ ၁၀ ရက်လောက်ကျမှ ဒါသူတို့ကို တင်ရမှာ မဟုတ်ပါဘူး စုဝေးခွင့်အတွက်၊ ဟောပြောခွင့်အတွက် မြို့နယ်ရဲမှူးကို တင်ရမှာပါဆိုပြီးတော့ ၁၀ ရက်နေ့ကျမှ ချပေးတယ်၊ အဲ့ဒါနဲ့ ၁၀ ရက်နေ့ အားချင်း ပဲတင်တဲ့အခါကျတော့ ၁၄ ရက်နေ့မှာကိုလုပ်မှာကို ၁၀ ရက်နေ့မှာတင်တယ် လုံလောက်တဲ့ရက် မရှိဘူးဆိုပြီးတော့ သူကခွင့်ပြုချက်ပေးဖို့ ငြင်းဆန်တယ်၊ သူတို့ကတရားဝင်ခွင့်ပြုချက်မပေးဘူး၊ တရားဝင်မပေးပေမဲ့ အဲ့ဒီမှာပဲ ဆက်လုပ်သွားမယ်"

အဲဒီမြစ်ကြီးနားဟောပြောပွဲကို မြစ်ကြီးနားမြို့ City Park Royal Hotel မှာ ဟောပြောပွဲ ကျင်းပခွင့် တောင်းထား တာဖြစ်ပြီး မနက်ဖြန် ဇွန်လ ၁၄ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အဲ့ဒီလူထုဟောပြောပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်နဲ့ ဦးဇော်မြင့်မောင်တို့က ဟောပြောမှာဖြစ် ပါတယ်။