ကျောက်တန်းမြို့နယ်သား ၅ဝဝ အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆန္ဒပြ

ရန်ကုန်တိုင်းဒေသ ကြီး ကျောက်တန်းမြို့နယ်မှာ ရှိတဲ့ ကျေးရွာပေါင်း ၄၆ ရွာက ကျေးရွာသား ၅ဝဝ ကျော်လောက်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ပေးဖို့ အတွက် ကျောက်တန်းမြို့မှာ ဒီနေ့ လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် တားဆီး ထားတဲ့ ပုဒ်မတွေ ကို ပြင်ဆင်ပေးစေ လိုတာ ကြောင့် ဆန္ဒပြတောင်း ဆိုတာ ဖြစ်တယ် လို့ ကျောက်တန်းမြို့နယ် သရက်ကုန်းကျေးရွာသား ကို ချစ်ဦးမောင် က ပြောပါ တယ်။

"ဆန္ဒပြရတဲ့အကြောင်းရင်းက ၂ဝဝ၈ အခြေခံ ဥပဒေပြင်ဆင်ရေးမှာ ကျနော်တို့ပြည်သူ လူထုတွေ အတွက် အကျိုးမရှိတဲ့ ဥပဒေတွေနောက် ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးအတွက် ပိတ်ပင်တားဆီးထားတဲ့ ဥပဒေတွေကို ပြင်ဆင်ချင်လို့ ကျနော်တို့ ဆန္ဒပြခြင်းဖြစ် ပါတယ်၊ ဒေါ်အောင်းဆန်းစုကြည်ရယ်၊ သမ္မတရယ်၊ လွှတ်တော်ရယ် ၊ကာကွယ်ရေးဦးစီးချုပ် ရယ် လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးခြင်းကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ဖို့အတွက် ဆန္ဒပြရခြင်းဖြစ်ပါတယ် "

ဒီဆန္ဒပြပွဲမှာ ကျောက်တန်းမြို့နယ် သရက်ကုန်း၊ ကံမြောင်၊ ရွှေပျောက်၊ စံချိန်မီ၊ မြိုင်သာယာ စတဲ့ ကျေးရွာ ၄၆ ရွာက ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပြီး ကျောက်တန်း မင်းကျောင်းဘုရား ရင်ပြင်တော်ကနေ ကျောက်တန်းမြို့ထဲကို လှည့်လည် ဆန္ဒပြခဲ့တာပါ။

ဒါ့အပြင် ဒီနေ့ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့မှာ မြို့ခံ တစ်ထောင်နီးပါးလောက်က ၂ဝဝ၈ ဖွဲ့စည်းပုံပြင် ဆင်ပေးဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။ ဒီနေ့ ကျောက်ပန်းတောင်းမြို့က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲမှာ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအတွက်လည်း တောင်းဆိုတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးမင်းရဲထွေးက ပြောပါတယ်။

"၅၉(စ)ကတော့ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုချိုးနှိမ်ထားတယ်လို့လည်း ခံစားရတယ်၊ အဲ့ပုဒ်မနှစ်ခု ကို ဖျက်သိမ်းပေးဖို့ ကျနော်တို့ တောင်းဆိုတဲ့အပိုင်းရယ်၊ပုဒ်မ ၄၃၆ ကတော့ ဖွဲ့စည်းပုံတစ်ခုလုံးပြုပြင်ခြင်း ဟာ လူထုကိုယ်စားလှယ်ရဲ့ လက်ထဲမှာမရှိပဲနဲ့ စစ်တပ်က ဗီတိုအာဏာကိုင်ထားတယ်လို့မြင်တယ် ၊ဒီလေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးက အရေးတကြီး လိုအပ်နေတယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့မြို့မိ၊ မြို့ဖတွေ အကုန်လုံးစုပြီးတော့ ဒီဆန္ဒထုတ်ဖော်ပွဲကို ဖန်တီးတာဖြစ်ပါတယ်"

၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေး ဆန္ဒပြပွဲတွေကို မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နဲ့ ရန်ကုန်တိုင်း ဒေသ ကြီး မှော်ဘီ မြို့မှာလည်း ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။