၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့အတွက် ရုပ်ရှင် ဒါရိုက်တာတွေနဲ့ အနုပညာရှင်တွေကလည်း ဒီည ၇ နာရီမှာ လက်မှတ်ရေး ထိုးမယ်လို့ သိရပါတယ်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် စိတ်ပါဝင်စားသူ အနုပညာရှင်တိုင်း ပါဝင်လက်မှတ်ရေးထိုးနိုင်အောင် စီစဉ်ထားကြောင်း ဒီနေ့ အစောပိုင်းမှာ အာအက်ဖ်အေ ကမေးမြန်းစဉ် ဒါရိုက်တာ ကြည်ဖြူသျှင်က အခုလိုပြော ပါတယ်။
"၄၃၆ ပြင်ဆင်ရေးမှာ စိတ်ပါတဲ့ ကျမတို့ အနုပညာ သမားတွေပေါ့နော်၊ အဲ့ဒါကို ကျမတို့ လက်မှတ်ထိုး မယ်ပေါ့၊ပထမအဆင့်ကတော့ ကျမတို့ အခုက လက်မှတ်ထိုးတဲ့ အစီအစဉ်ကို NLD နဲ့ ၈၈ ပူးပေါင်း ပြီးလုပ်တာကို ကျမတို့ အနုပညာသမားတွေလည်း လက်မှတ်ထိုးပြီးတော့ ပါဝင်ကြမှာပေါ့၊ နောက်တဆင့်တော့ ဒီဘယ်လိုလှှုပ်ရှားမှုှ ရှိမှုလဲပေါ့ ရှိတဲ့ပေါ်မူတည် ပြီး ကျမတို့ လှှုပ်ရှားမှှုတိုင်းမှာ ပါဝင်ဖို့ အဆင်သင့်ပါ"
လာမယ့် မေလ ၂၇ရက်နေ့ကနေ ဇူလိုင်လ ၁၉ရက်နေ့အထိ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွေ ကို နေပြည်တော် မြို နယ် ၅ မြို့နယ်ကနေစတင်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ်တွေကို ကောက်ယူ သွားမယ်လို့ သိရပါတယ်။
