ပုဒ်မ ၄၃၆ ကိုမပြင်ရင် လူထု လှှုပ်ရှားမှှုတစ်ခု ပေါ်လာမည်


2014.10.27
minkonaing-305 ကိုမင်းကိုနိုင်ကို အောက်တိုဘာလ ၂၅ ရက်နေ့က RFA ဝိုင်းတော်သား ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းစဉ်
Photo: RFA

၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့လို အပ်ကြောင်း မြန်မာပြည်သူ ၅ သန်းက သူတို့ဆန္ဒတွေ ကို အထင်အရှားဖော်ထုတ်ပြသခဲ့ပြီးဖြစ်ပါတယ်၊ ဒါကြောင့် ပုဒ်မ ၄၃၆ ကိုမပြင်ဘူးဆိုရင် လူထုဆန္ဒကို ဥပက္ခာပြုတာဖြစ်တဲ့အတွက် မိမိတို့က လူထုလိုက်ပါနိုင် တဲ့ လှှုပ်ရှားမှှုတစ်ခုကို ဖော်ထုတ်မှာဖြစ်တယ်လို့ RFA ကို ဒီနေ့ ပြောကြားလိုက်ပါတယ်။

"ကောင်းပြီ ၄၃၆ ကိုမပြင်ဘူးဆိုရင် ဖွဲ့စည်းပုံကို မပြင်ဘူးလို့ ပြောတာနဲ့အတူတူပဲဗျ၊ အဲ့ဒီတော့ ဗမာပြည်ရဲ့ ပြဿနာတွေကို မဖြေရှင်းကြတော့ ဘူးလားလို့ပဲ ကျနော်တို့က မေးရလိမ့်မယ်၊ အဲ့ဒီတော့ အင်အားသာလျှင် ပဓါနဝါဒ ကိုပြန်ရောက်တော့မှာလား၊ ဘာကိုမှ အဖြေ မရှာဘူးဆိုရင် ကျနော်တို့ အင်အားကိုစုပြီးတော့ အင်အားချင်းဆိုင်ကြဖို့ပဲ ရှိတော့တယ်၊ မပြင်လို့ မရဘူးဆိုတာကို ကျနော်တို့ အခိုင်အမာကို ပြောရလိမ့်မယ်၊ ကျော်သွားလို့မရဘူး၊ ငြင်းဆန်လို့မရဘူး"

ဒါ့အပြင် ကိုမင်းကိုနိုင်က ပြည်သူတွေလိုက်ပါနိုင်ရေးအတွက် ပထမဦးစွာ လူထုကိုအခြေအနေမှန်တွေသိအောင် မိမိတို့က ရှင်းလင်းပြောကြားရမှာဖြစ်တယ်၊ အဲ့ဒီနောက် လူထုရဲ့သဘောတူညီချက်နဲ့ ပူးပေါင်းဆောင်ရွက်မှှုတွေကို ရယူပြီးလှှုပ်ရှားမှှုတွေကို အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ကိုမင်းကိုနိုင်နဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။