ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဗဟန်းလူထု ဆန္ဒပြု

0:00 / 0:00

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟန်းမြို့နယ်ကကျင်းပခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပညာပေးဟောပြောပွဲကို တက်ရောက်လာတဲ့ပါတီဝင်တွေ ရဟန်းရှင်လူပြည် သူတွေဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန် လည်ပြင်ဆင်ဖို့ သဘောတူထောက်ခံခဲ့ကြပါတယ်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ တနင်္ဂနွေနေ့ နေ့လည်ပိုင်းကကျင်းပခဲ့တဲ့ ဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့ ရဟန်းရှင်လူပြည်သူတွေ ရာနဲ့ချီတက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ ဆန္ဒပြုခဲ့ကြတာပါ။

ဟောပြောပွဲမှာ ဦးဆောင်ဆွေးနွေး ဟောပြောသူတစ်ဦးဖြစ်တဲ့ စာရေးဆရာ ထင်လင်းဦးက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အသီးသီးမှာ နေရာယူထားတာဟာ စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီစနစ်နဲ့ မကိုက်ညီကြောင်းအပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ပတ်သက်ပြီး ဟောပြောခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတ အရည်အချင်းတွေနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့အကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဗဟိုကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ သဘောဆန္ဒကို စစ်တမ်းကောက်ယူဖို့ ဟောပြောပွဲတွေကို အောက်တိုဘာလ ပထမပတ်ကစလို့ နိုင်ငံအဝှမ်းမှာ ကျင်းပနေတာဖြစ်ပါတယ်။

အသေးစိတ်ကို RFA သတင်းထောက် မဇင်မာဝင်းက တင်ပြမှာပါ။