မီဒီယာများကို ၀မ်ပေါင် ကြေးနီကုမ္ပဏီ သတိပေး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ မြန်မာ ၀မ်ပေါင် သတ္ထုတွင်း တူးဖော်ရေး ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္မဏီတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အရေးအသားတွေ မီဒီယာတွေမှာ ဆက်လက် ဖော်ပြနေရင် တရားစွဲဆိုတော့မယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
2012-10-15
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပက်သက်ပြီး မီဒီယာ တစ်ချို့မှာ ဖော်ပြနေတဲ့ သတင်းတွေဟာ ကုမ္မဏီနှစ်ခုစလုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် တရားစွဲဆိုဖို့ စီစဉ်ရခြင်း ဖြစ်ကြောင်း၊ မြန်မာ ၀မ်ပေါင်သတ္တုတွင်း တူးဖော်ရေးကုမ္ပဏီရဲ့ အကြီးအကဲ မစ္စတာ ဂျင်းရီ (Mr. Geng Yi) က မြန်မာ စကားပြန်က တဆင့် ပြောခဲ့တာပါ။

“တမင်သက်သက် လုပ်ကြံသတင်းတွေကို မီဒီယာတွေမှာ ဖော်ပြနေတဲ့ အတွက် လုပ်ဖော် ကိုင်ဖော် ဦးပိုင် ကုမ္ပဏီရယ် ကျနော်တို့ ကုမ္ပဏီရယ် နောက်ပြီး ဒီပရောဂျက် တစ်ခုလုံးအတွက် နာမည် တော်တော်လေး ထိခိုက်ပါတယ်။”

ရန်ကုန်၊ လှိုင်မြို့နယ်မှာရှိတဲ့ ၀မ်ပေါင် ကုမ္ပဏီရုံးခန်းမှာ ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် မိုင်းခွဲတဲ့ အခါမှာလည်း ဗုဒ္ဓသာသနိက အဆောက်အအုံတွေနဲ့ ကိုက် (၄၀၀) ဝေးကွာတဲ့ အကြောင်း ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြသခဲ့ပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

D moon

ပြည်သူ့အကျိုးဆောင်ရွက်သူမှန်ရင်အကာကွယ်ပေးထားတဲ့ဥပဒေရှိသင့်တယ်လုပ်သင့်တာဦးစားပေးမလုပ်တဲ့ငါးမြင်သားဘဲစားရလို့အော်နေတဲ့သူတွေရဲ့တာဝန်ဖြစ်တယ်

Oct 19, 2012 09:50 PM

ဇော်မင်းဦး

နေရပ်- ကရင်ပြည်နယ်

ကျွန်တော်တို့မီဒီယာသမားတွေဆိုတာ ပြည်သူကိုထိခိုက်မယ့်အလုပ်ကိုလုပ်နေတာမဟုတ်ပါ။ပြည်သူလူထု
အတွက် သိစေချင်သောအကြောင်းအရာများကို ကိုယ်ကျိုးမဖက်ဘဲနဲ့ တိုင်းပြည်အတွက် အနှစ်နှာခံပြီးတင်ပြနေရတာပါ။ဒီလိုမျိုး ကုမ္ပဏီတွေကလည်းပြည်သူ့အကျိုးအတွက်ကို ပြန်လည်ပြီးတော့ ဆောင်ရွက်ပေးဖို့လဲ လိုပါတယ်။

Oct 17, 2012 08:14 AM

အမည်မဖော်လိုသူ

အခုလိုမီဒီယာတွေကိုသတိပေးခြင်းဟာ ဒီမိုကရေစီနည်းအရ အကျုးံဝင်ပါသလား၊မီဒီယာ ဥပဒေမထွက်သေးတဲ့အတွက် မီဒီယာသမားတွေကိုစိန်ခေါ်နေတာလား။

Oct 17, 2012 08:07 AM

အမည်မဖော်လိုသူ

အမည်မဖေါ်လိုသူဧ။် င်္Comments မှာပြည့်စုံလုံလောက်သည်။ပညာရှိသူ ဆိုပါကဘာလုပ်ရမည်ကိုသဘောပေါက်မည်။ရူးသလိုပေါသလို မသိဟန်ဆောင်ရ်ု ငါလုပ်ချင်တာလုပ်မည် ဂရုစိုက်စရာမလို ငွေလမ်းခင်းပြီးဗမာတွေကို လူပါးဝ လူလည်လုပ် သည့် ဦးတည်ချက်နဲ့ လုပ်နေသည်သဘော။လူထုကဒါဏ်ခတ်ရန်သာရှိ၊၊့ 

Oct 17, 2012 04:10 AM

အမည်မဖော်လိုသူ

I fully agree with the previous commentator. The key word is " transparency" people don't know the terms of the agreement, they don't know whether the financial benefits of those projects will be credited to the national budget. They don't know what role the Oo Paing Co. is playing in the national economy. On top of that, they don't know the sincerity, responsibility, and fairness of all the PRC companies doing business in the whole country. Thus, transparency is vital in doing business in Myanmar.

Oct 16, 2012 09:09 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.