ကြေးနီစီမံကိန်း အဆောက်အဦး ဆက်လက်တည်ဆောက်မှု ရွာသားများ ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ဒေသက ဆည်တည်၊ မိုးကြိုးပြင် ကျေးရွာ အနီးအနားက လယ်ယာမြေတွေမှာ မြန်မာ-၀မ်ပေါင်ကုမ္ပဏီက အဆောက်အဦးတွေ တည်ဆောက်ဖို့ လုပ်ဆောင်နေတာကို ဒေသခံ (၁၀၀၀) နီးပါးက ဒီကနေ့ သွားရောက် တားဆီး ဆန္ဒပြခဲ့ကြပါတယ်။
2012-10-12
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

အဆောက်အဦးတွေ နေ့စဉ်ရက်ဆက် လာဆောက်နေတာကို ကာယကံရှင် တောင်သူတွေက အကြိမ်ကြိမ် တားနေပေမယ့် ကုမ္ပဏီဘက်က တည်ဆောက်မှုကို လုံးဝ မရပ်သွားဘူးလို့ တားဆီးဆန္ဒပြနေတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

ရာနဲ့ချီတဲ့ စစ်တပ် နဲ့ ရဲတွေက လယ်ယာမြေတွေပေါ်ကနေ ဆန္ဒပြ ဒေသခံတွေရဲ့ လှုပ်ရှားမှုကို မျက်ခြေမပျက် စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ဒေသ တစ်ဝိုက်မှာ ထန်းပင် (၅၀၀) ကျော် ခုတ်လှဲခံလိုက်ရတဲ့ အတွက် ဒေသခံ (၂၀၀၀) ကျော်ဟာ ထန်းပင်ပေါက် (၄၀၀၀) ကို အခုရက်ပိုင်း အတွင်း ဆက်တိုက် စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ-၀မ်ပေါင် တရုတ်ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေတာ ဖြစ်ပြီး စီမံကိန်းတ၀ိုက်က ကျေးရွာ ၂၆ ရွာက လယ်မြေဧက (၇၈၀၀) ကျော်ကို ၂၀၁၀ ခုနှစ်က စပြီး သိမ်းယူခဲ့တာကြောင့် လယ်သမားတွေက ဆက်တိုက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

သိန်းထိုက်

နေရပ်- မန်းလေး

မတရားလိုက်တာဗျာဒီလိုသာဆိုရင်ပြည်သူတွေဘာလုပ်စားကြရမှာလဲ ဦးပိုင်ဆိုတာကလဲ ဦးရာလူပိုင်တာပါ

Oct 13, 2012 05:49 AM