ကြေးနီစီမံကိန်း ဆန့်ကျင်ရေး ၀ိညာဉ် ကြွေးကြော်သံ လှုပ်ရှားမှု

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်တာကို သေဆုံးသွားတဲ့ ဒေသခံဘိုးဘွားတွေတောင် ၀ိညာဉ်ဘ၀နဲ့ လက်မခံပါဘူးဆိုပြီး ၀ိညာဉ် ကြွေးကြော်သံ ခေါင်းစဉ်နဲ့ ကျေးရွာ(၂၆) ရွာက ဒေသခံ (၁၀၀၀) ကျော်ပါဝင်တဲ့ ငိုကြွေးပွဲ လှုပ်ရှားမှုတစ်ခု ဆည်တဲကျေးရွာရဲ့ သင်္ချိုင်းကုန်းမှာ ဒီကနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။
2012-10-09
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဒီကနေ့ လှုပ်ရှားမှုဟာ ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေတွေ အသိမ်းခံရတဲ့ အခြေအနေကို တိုင်တည် ငိုကြွေးကြတာ ဖြစ်တယ်လို့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဒေသခံ မဖြူဖြူဝင်းက RFA ကို အခုလို ပြောပြပါတယ်။

"ကျွန်မတို့ ဒီနေ့ ၀ိညာဉ်ကြွေးကြော်သံဆိုပြီးတော့ ဆည်တဲရွာရဲ့ မြောက်ဘက်သင်္ချိုင်းကုန်းမှာ သွားပြီးတော့ ငိုကြွေးတယ်။ ကျွန်မတို့ရဲ့ လယ်ယာမြေတွေ အသိမ်းခံရတဲ့ အပေါ်မှာ၊ လက်ပံတောင်းတောင်ကြီး အဖြိုခံရတဲ့ အပေါ်မှာပေါ့နော်။ ကျွန်မတို့ ရင်ထဲက ခံစားရတယ်ဆိုတဲ့ အကြောင်းကို ဆည်တဲသုသာန်မှာ သွားပြီးတော့ ငိုကြွေးတဲ့ အခါမှာ ၀ိညာဉ်၊ တစ္ဆေ၊ သရဲတွေတောင်မှ မခံနိုင်ဘူးပေါ့။ သူတို့တောင်မှ မခံနိုင်ဘဲနဲ့ ဒို့ပြည် ဒို့မြေကို ကာကွယ်ဖို့ ဆိုတာမျိုးတွေ၊ အဲဒါမျိုးတွေ သွားလုပ်တာပါပဲ။"

မကြာသေးတဲ့ ရက်ပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန့်ကျင်တဲ့ အနေနဲ့ အခေါင်းပုံစံလုပ်ပြီး မီးရှို့ ဆန္ဒပြခဲ့တဲ့ ကိစ္စအပေါ် ဒေသခံတွေနဲ့ ဒေသခံတွေကို ကူညီသူတွေ၊ ကျောင်းသားခေါင်းဆောင်တွေ စုစုပေါင်း ၁၆ ယောက်ကို တရားစွဲဖို့  စီမံကိန်း တာဝန်ရှိသူတွေဘက်က  အမှုဖွင့်ခဲ့သလို၊ ဒေသခံ တောင်သူတွေဘက်ကလည်း  ၀မ်ပေါင်နဲ့ ယမ်စီ တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီနှစ်ခုနဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ကို မနေ့က ပြန်လည် အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။

ကွန်မင့်များ (4)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

ပြည်သူတွေဒီလိုတွေဖြစ်နေကြတာတောင် အထက်ကမသိတာလား?
ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေတာလား?
ဒီမိုကရေစီ..အော်နေတဲ့သူတွေဘယ်ရောက်နေလဲ

Oct 13, 2012 08:20 AM

ကျော်လွင် မတလ ၇၅

တရုတ်တွေနိုင်ငံသိမ်းမယ့်အလုပ်တွေကို
လက်မခံဘူး

Oct 10, 2012 07:41 AM

zin ko

နေရပ်- yangon

very good after myanmar

Oct 10, 2012 03:41 AM

d

နေရပ်- d

ကလေးစတိုင် ဆန့် ကျင်ရေး

Oct 10, 2012 02:32 AM