ဒီမိုကရေစီလိုလားတဲ့ ပြောင်းလဲမှုတွေ မြန်မာနိုင်ငံမှာလည်း ဖြစ်ပေါ်နေကြောင်း ဒလိုင်းလားမား မိန့်ကြား
2011.07.12
RFA
၂ ပတ်ကြာ အမေရိကန် ပြည်ထောင်စု ခရီးစဉ် အတွင်း ဇူလိုင်လ ၁၁ ရက်နေ့က RFA လွတ်လပ်တဲ့ အာရှအသံ ဝါရှင်တန် ဒီစီ ရုံးချုပ်မှာ သီးသန့် ပြုလုပ်ခဲ့တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ မြောက်အာဖရိကနဲ့ အာရပ်ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ တိဘက် ဘာသာရေး ခေါင်းဆောင် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒလိုင်းလားမားက အခုလို မိန့်ကြားလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတွေကို ပြည်သူတွေက ပိုင်ဆိုင်ပြီး ပြည်သူက အုပ်ချုပ်တဲ့ တိုင်းပြည် ဖြစ်ဖို့ဆိုရင် အကောင်းဆုံး အုပ်ချုပ်ရေး စနစ်က ဒီမိုကရေစီစနစ်သာ ဖြစ်ကြောင်း၊ ဘုန်းတော်ကြီး ဒလိုင်းလားမားက မိန့်ကြားပါတယ်။
ဘုန်းတော်ကြီး ဒလိုင်းလားမား RFA အသံလွှင့်ဌာနကို ကြွရောက်လာတာဟာ RFA ထူထောင်တဲ့ (၁၅) နှစ်ပြည့် အထိမ်းအမှတ် ကာလနဲ့လည်း တိုက်ဆိုင်နေပြီး သတင်းလွတ်လပ်မှု မရှိတဲ့ နိုင်ငံတွေမှာ အသံလွှင့် မီဒီယာတွေရဲ့ အခန်းကဏ္ဍ အရေးပါမှုတွေကိုလည်း မိန့်ကြားခဲ့ပါတယ်။
ဒါ့အပြင် ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ တရားမျှတမှု စံတန်ဖိုးတွေရဲ့ အရေးပါမှုတွေကို မိန့်ကြားခဲ့သလို ဒါတွေကို လိုက်နာ ထိန်းသိမ်းဖို့ အတွက် ဆိုရင် ပညာပေးရေးဟာ အဓိက ကျတယ်လို့ မိန့်ကြား ခဲ့ပါတယ်။
ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး မအင်ကြင်းနိုင်က အသေးစိတ် တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |