အလားတူ နယူးဒေလီမှာရှိတဲ့ ဒလိုင်းလားမားရဲ့ ကိုယ်စားလှယ်ကလည်း ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေအပေါ် ပြောဆိုလိုတဲ့အတွက် အိန္ဒိယနိုင်ငံ မြန်မာသံရုံးကို တွေ့ဆုံခွင့်တောင်းခံထားတယ်လို့ ဒရမ်ဆလာမြို့အခြေစိုက် တိဘက်အဝေးရောက်အစိုးရရဲ့ ပြန်ကြားရေးရုံးက ဆိုပါတယ်။
ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ သီရိလင်္ကာအစိုးရဆီကိုလည်း တမီးကျားသူပုန်တွေအရေး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့စာရေးသားခဲ့ဖူးပါတယ်။