ဓညဝတီခေတ် ဘုရင်သုံးပါးကြေးရုပ် သွန်းလုပ်မည်

ခရစ်တော်မပေါ်မီ ဘီစီ-၆ ရာစုက ရခိုင်လူမျိုးတွေရဲ့ ဓညဝတီခေတ် သုံးခေတ်မှာ အထင်ရှားဆုံး ဘုရင်သုံးပါး တို့ရဲ့ရုပ်တုတွေကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ကြေးနဲ့သွန်းလုပ် စိုက်ထူဖို့ ဆောင်ရွက်နေရာမှာ အခုပုံဖော်တဲ့ အဆင့်ကို ရောက်ရှိနေပြီလို့ ဦးဆောင် စီစဉ်နေတဲ့ ကျောက်တော်မြို့ခံ ဦးဘသောင်းက RFA ကို ဒီကနေ့ ပြောပါတယ်။
2012-09-10
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

"ကျွန်တော်တို့ ဒီဓညဝတီခေတ်က ဘုရင် သုံးပါးရဲ့ အရုပ်တွေထုလုပ်မဲ့ အစီအစဉ်တွေ အခုတော့ ပုံစံထုတ်တဲ့ အဆင့်ထိတော့ရောက်ပြီ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ရခိုင်လူမျိုးတွေရဲ့ သမိုင်းကြောင်းတွေကို သိနိုင်အောင် မာရယု ဘုရင်ရဲ့ ဟန်ပန်တွေ၊ သမိုင်းကြောင်းကို သိနိုင်အောင် ကျွန်တော်တို့ စန္ဒာသူရိယ မင်းကြီးလည်းပဲ သာသနာ့ ဒါယကာမင်းတစ်ပါး ဖြစ်တဲ့အတွက် ကျွန်တော်တို့ ရခိုင်တွေရဲ့ စံပြနမူနာ ဘုရင်တစ်ပါးဖြစ်တယ်။ အဲတာကို ပြည်သူတွေ သိနိုင်အောင် ကျွန်တော်တို့ သွန်းထုလုပ်သွားမှာ ဖြစ်ပါတယ်"

အဲဒီဘုရင် ၃ ပါးရဲ့ ကြေးသွန်းရုပ်တုကို အမြင့်ပေ ၈ ပေခန့်အထိ သွန်းလုပ်သွားမှာဖြစ်ပြီး ဘုရင်တွေရဲ့ အသွင်အပြင်တွေကိုတော့ ရှေးဟောင်း ရခိုင်သမိုင်း စာပေတွေမှာ ဖော်ပြပါရှိတဲ့အတိုင်း လိုက်နာပြီး သွန်းလုပ်သွားမှာ ဖြစ်တယ်လို့ ဦးဘသောင်းက ပြောပါတယ်။

အဲဒီကြေးသွန်းရုပ်တု ဖြစ်မြောက်ရေးအတွက် ကျောက်တော်မြို့ပေါ်နဲ့ ကျေးလက်တွေက ဒေသခံတွေဆီက အလှူထည့်ဝင်ငွေတွေနဲ့ သွန်းလုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး အဲဒီရုပ်တုတွေကို ရှေးဟောင်း ဓညဝတီမြို့ဟောင်း နေရာမှာ ပါဝင်တဲ့ မဟာမုနိဘုရားမှာ ထားရှိ ပြသသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

မင်းစောမွန်က ဝေသာလီမဟုတ်ဘူးလား၊ ဘယ်လိုဖြစ် ဓည၀တီဖြစ်နေရတာလဲ ကြည့်လုပ်ပါဦးဗျို့။

Sep 11, 2012 12:23 PM

ဝင်းကိုနိုင်

နေရပ်- ရန်ကုန်

ခောတ်အဆက်ဆက်တိမ်မြုပ်ပျောက်ကွယ်ခဲ့တဲ့ရှေ့ခောတ် ရခိုင့်ဘုရင်တွေ ရဲ့အကြောင်းလေးတွေသိရမယ်ဆိုလို့ ဝမ်းသာမိ့ပါတယ် သမိုင်းကိုလိမ်လို့မရပါဘူး...

Sep 11, 2012 10:53 AM

အမည်မဖော်လိုသူ

အရမ်းကောင်းပါတယ်

Sep 11, 2012 10:22 AM