ဒေါ်အောင်ဆန်းစုကြည် စွဲဆိုထားတဲ့ အမှုကို စစ်ဆေးဖို့ လက်ခံလိုက်ပြီ

မော်နီတာဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်၊ ထုတ်ဝေသူ ဝဏ္ဏကျော်ထင် ဦးလှမြင့်ဆွေ နဲ့ ဦးအောင်ဆန်းဦး တို့ အပေါ် ဒေါ်အောင်ဆန်းစုကြည် က စွဲဆိုတဲ့ အမှုကို ကြားနာစစ်ဆေးဖို့ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်က ဒီကနေ့ လက်ခံလိုက်ကြောင်း သိရှိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ရှေ့နေလည်းဖြစ် NLD ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ခုလို ပြောပါတယ်။ “နောက်ရုံးချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဘက်ကကော ဦးအောင်ဆန်းဦး နဲ့ မော်နီတာ ဘက်ကပါ နှစ်ဘက် လျှောက်လဲချက် ပေးဖို့ ရှိပါလိမ့်မယ်။” အမှုကတော့ တရားရုံးက တစုံတရာ အမိန့် မချမှတ်မီ မောနီတာဂျာနယ် နဲ့ဦးအောင်ဆန်းဦး တို့ တွေ့ဆုံမေးမြန်းခန်းမှာ ဦးအောင်ဆန်းဦးက အမှုနိုင်ပြီး ဖြစ်ကြောင်း ပြောဆိုချက် နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲပြောဆိုချက်တွေ ဖော်ပြခဲ့တဲ့ အတွက် တရားရုံးကို မထေမဲ့မြင် ပြုမူမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။