ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါး ဖေါ်ပြခွင့်မရသေး

2011-08-30

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ စာတိုတပုဒ် ကို ပြည်သူ့ခေတ်ဂျာနယ်မှာ ပုံနှိပ် ဖေါ်ပြဖို့ တင်ပြခဲ့ပေမယ့် စာပေစီစစ်ရေးက ဖေါ်ပြခွင့်မပြုသေးဘူးလို့ သိရ ပါတယ်။

Photo: RFA

ရန်ကုန်မြို့လယ်က စာနယ်ဇင်းအရောင်းဆိုင် တဆိုင်မှာ အပတ်စဉ်ထုတ် ဂျာနယ်များ ခင်းကျင်းထားသည့် မြင်ကွင်း။

ပြီးခဲ့တဲ့ သီတင်း ၂ ပတ်က ပြည်သူ့ခေတ်ဂျာနယ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာမူကို ပုံမှန် တင်နေကျ စာမူတွေနဲ့အတူ စာပေစီစစ်ရေးကို တင်ပြခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့ ခေတ်ဂျာနယ် အယ်ဒီတာ ဆရာဖေမြင့်က ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘယ်လို အကြောင်းအရာ ရေးသားခဲ့သလဲ ဆိုတာကိုတော့ လောလောဆယ် မပြောနိုင်သေးကြောင်း ဆရာဖေမြင့်က ပြောဆိုပေမယ့် ပြည်သူ့ခေတ်ဂျာနယ် အနေနဲ့ စာပေ စီစစ်ရေး ထံမှာ ထပ်မံ တင်ပြပြီး ပုံနှိပ်ဖေါ်ပြခွင့် ရဖို့ ကြိုးစားနေကြာင်း၊ ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

အဆင်ပြေမယ် ဆိုရင်တော့ အခုရက်ပိုင်းအတွင်း သိရလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံထုတ် Asahi Shimbun သတင်းစာမှာလည်း ရံဖန်ရံခါ ဆောင်းပါးတွေ ရေးသားလေ့ ရှိပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ ရောက်ရှိ

ဂျပန်ကြွေးမြီ လျှော်ပစ်ကြောင်း တရားဝင်ကြေညာ

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေကို အီးယူ ကော်မရှင်နာမင်းကြီး အားရ

တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ကတိပေး

ပညာရေးနဲ့ ကျန်းမာရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

တရားဥပဒေ စိုးမိုးမှု အနည်းဆုံး ၁ဝ နိုင်ငံစာရင်းမှာ မြန်မာ ထိပ်ဆုံးကပါနေ

CIA ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ သွားရောက်ဖွယ်ရှိ

ပိတ်ဆို့မှုတချို့ လျှော့ချတာနဲ့ ပတ်သက်လို့ ပညာရှင်တစ်ဦး အမြင်

ဒေါက်တာ ဂျိုးဇက် စတစ်ဂလစ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာမယ်

အတိတ်က ဖြစ်ရပ်တွေကို ၀န်ခံမှ မြန်မာပြည် ရှေ့ကို တိုးနိုင်မည်