NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ကုန်ပိုင်းမှာ သြစတြေးလျ နိုင်ငံကို အလည်အပတ်သွားရောက်မယ်လို့ ဇူလိုင်လ ၁၃ ရက်နေ့ သြစတြေးလျက လာတဲ့သတင်းတွေမှာဖေါ်ပြထားပါတယ်။
ဆစ်ဒနီမြိ့မှာ လာမယ့် ဒီဇင်ဘာလဆန်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အေအိုင်ဒီအက်စ် ညီလာခံကို တက်ရောက်ပြီးနောက် မယ်လ်ဘုန်းအပါအဝင် တခြားမြို့တစ်ချို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်လည်ပတ်မယ်လို့သိရပါတယ်။
သြစတြေးလျတက္ကသိုလ် အများအပြားကလည်း ဒီခရီးစဉ်အတွင်း သူ့ကိုဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေ ချီးမြှင့်ဖို့ ကမ်းလှမ်းနေကြတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ သြစတြေးလျကို ရာသီဥတုကောင်းမွန်တဲ့ ကာလအတွင်း သွားရောက်လည်ပတ်လိုပါတယ်၊ ဖြစ်နိုင်မယ်ဆိုရင် နည်းနည်းပါးပါး အနားယူလိုပါတယ်လို့ပြောကြောင်းလည်း သိရပါတယ်။
ဒီဇင်ဘာလဟာ သြစတြေးလျမှာ နွေဥတုရဲ့ ပထမဆုံးလဖြစ်ပါတယ်။ ခရီးစဉ်အတိအကျကို ထုတ်ပြန်ချင်းတော့မရှိသေးပါဖူး။