မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေါ်အောင်ဆန်းစုကြည် ဟောပြောမယ့်နေရာဟာ စာသင်ကျောင်း ဘုန်းကြီးကျောင်းနဲ့ နီးတဲ့အတွက်ဖြစ်ကြောင်း အကြောင်းပြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ ကြားဖြတ် ရွေးကောက်ပွဲဝင်မယ့် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် ခေါ် ဦးဇေယျာသော်က ဟောပြောခွင့်ရဖို့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ အားကစားကွင်းလို နေရာမျိုးမဟုတ်ဘဲ မြို့နယ်အတွင်းက ကိုယ်ပိုင်လယ်ကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖို့ တောင်သူတစ်ဦးက နေရာဌားရမ်းထားတာလို့ ဦးဇေယျာသော်က ပြောပါတယ်။