ဒီမိုကရေစီ မကျင့်သုံးချင်သူတွေ အကြောင်း ဒေါ်အောင်ဆန်း စုကြည် ဟောပြော

2015-01-03
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ပဲခူးတိုင်း၊ ရွှေမော်ဓေါစေတီ အနောက်ဘက်မုဒ်က ကွင်းမှာ ဇန်နဝါရီလ ၃ ရက်နေ့ကကျင်းပတဲ့ ဗိုလ်ချုပ် နှစ်တစ်ရာပြည့် အကြိုပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်
ပဲခူးတိုင်း၊ ရွှေမော်ဓေါစေတီ အနောက်ဘက်မုဒ်က ကွင်းမှာ ဇန်နဝါရီလ ၃ ရက်နေ့ကကျင်းပတဲ့ ဗိုလ်ချုပ် နှစ်တစ်ရာပြည့် အကြိုပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်
Photo: Kyaw Zaw Win/RFA

မြန်မာပြည်သူလူထုကို ဒီမိုကရေစီနဲ့ မထိုက်တန်သေး ဘူးလို့ ပြောတဲ့သူတွေဟာ ဒီမိုကရေစီစနစ်ကို မကျင့် သုံးချင်တဲ့လူတွေဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး ရွှေမော်ဓေါစေတီ အနောက်ဘက် မုဒ်က ကွင်းထဲမှာ ဒီနေ့ကျင်းပတဲ့ ဗိုလ်ချုပ်အောင် ဆန်း နှစ်တစ်ရာပြည့်အကြိုပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြောလိုက်တာပါ။

"မကြာခဏ ကျမ အနှစ် ၂ဝ ကျော်၊ ၃ဝ အတွင်း မှာ ကြားခဲ့ရပါတယ်၊ ဗမာပြည်သူလူထုဟာ ဒီမိုကရေစီနဲ့ မတန်သေးဘူးတဲ့၊ အဲ့လိုစကားပြော တဲ့သူတွေ ရှိပါတယ်၊ အဲ့လိုပြောတဲ့သူတွေကတော့ ဒီမိုကရေစီ မပေးချင်သေးတဲ့သူတွေပေါ့၊ အဲ့တော့ ကျမတို့နိုင်ငံမှာ ဒီမိုကရေစီဖွံ့ဖြိုးဖို့ဆိုလို့ရှိရင် ပြည် သူလူထုကို ဒီမိုကရေစီအခွင့်အရေးတွေပေးဖို့လို တယ်၊ တစ်နည်းအားဖြင့်ဆိုလို့ရှိရင် ပြည်သူလူထု ကို ယုံကြည်ရမယ်၊ အဲ့လိုပေးတဲ့အခါကျရင်လည်း အခွင့်အရေးတွေကို အလွဲသုံးစားမလုပ်ဖို့ရာ ပြည် သူတွေရဲ့ တာဝန်ဖြစ်ပါတယ်"

ဒါ့အပြင် ဒီမိုကရေစီစနစ်ဖြစ်တဲ့ လွတ်လပ်မှု၊ လုံခြုံမှုကို အစိုးရက ဖော်ဆောင်ပေးရမှာဖြစ်ပြီး ပြည်သူတွေကလည်း စည်းကမ်းရှိတဲ့ပြည်သူဖြစ်လာဖို့ ဆောင်ရွက်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီချုပ် နာယက ဦးတင်ဦးလည်း တက်ရောက်အဖွင့်မိန့်ခွန်းပြောကြား ခဲ့ပြီး ဒေသခံပြည်သူ တစ်သောင်းနီးပါးခန့် တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေယံမိုးမြင့် ကောက်နှုတ်တင်ပြ ထားပါတယ်။

ကွန်မင့်များ (8)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

Dear Unty, please educate, educate, and refresh, and hi-light with practical results.

Jan 14, 2015 12:45 AM

Nyein Aye

နေရပ်- Myanmar

အာဏာရှင် လက်ပါးစေတွေရဲ့  စကားလုံးတွေဟာ ပြည်သူတွေရဲ့  ဒီမိုကရေစီ လှုပ်ရှားမှုကို အာဏာရှင်ကိုဖါးချင်ဇော နဲ့  သေးသိမ်အောင် မျက်စေ့ စုံမှိတ်ပြီး ပြောနေတာဟာ ဗုဒ္ဓဘာသာဖြစ်ပြီး ဗုဒ္ဓတရားတော်နဲ့ ဆန့် ကျင်နေတယ် ဆိုတာ မသိရှာဘူး။ ပုထုဇဉ်တွေဟာ လောဘ မောဟ ဒေါသတွေ များကြလို့ ပယ်သတ်ဖို့ တောင် ဘုရားကဟောထားတယ်။ ဘယ်သူမှမချမ်းသာခြင်တဲ့လူ ခေတ်မီတိုက်နဲ့ မနေခြင်ပဲ ၀ါးတဲနဲ့ နေခြင်တဲ့လူ မရှိဘူး။ ကိုယ့်သားသမီးကို နိုင်ငံခြားလွှတ်ပညာသင်ခြင်တဲ့လူချည်းပါပဲ။ ဘုန်ကြီးကျောင်းမှာပညာသင် နေကြရတာက အင်မတန် မလွှဲသာတဲ့လူတွေပါ။ ဘယ်လောက်ရာနှုန်းရှိမှာလဲ။ အဲဒီလိုပြောသလိုသာ တင်းတိမ်နေကြမယ်ဆို ဘုရားတောင် လောဘ မောဟ ဒေါသ ပယ်သတ်ဖို့  တရားဟောစရာ မလိုတော့ဘူး။ အာဏာရှင်နောက်လိုက်တွေ လေသံမှန်းသိတ်သိသာတယ်။ အာဏာလက်လွှတ် ရမှာ အတော်စိုးရိမ်နေပုံပဲ။

Jan 06, 2015 10:18 AM

(Yangon.

နေရပ်- Yangon.

Though sorry to say what I would like to comment is that... most of Myanmar Buddhists prefer to live under the ruling of Buddhist monk with stick rather than democracy in the country. They prefer monastery education than international University education. They prefer to live in monastery than traveling around the world. They prefer to stay in bamboo hut than modern building. They prefer to drink juice than local wine and etc. Because of these they are opposing to the democracy movements.

Jan 05, 2015 04:14 AM

Nyein Aye

နေရပ်- Myanmar

ပြည်သူတွေဆန္ဒ ပြကြတာက ဒီမိုကရေစီနဲ့  မထိုက်တန်လို့  မဟုတ်ဘူး။ လွန်ခဲ့တဲ့အနှစ်ငါးဆယ်က အာဏာရှင်တွေရဲ့ မတရားပြုကျင့်မှုတွေကြောင့်ပါ။ မြန်မာ စစ်တပ် ဟာ ဗကပ အတွင်းစည်းထဲကို လူယုံ ဓါးလျှိုတွေ သွင်းပြီး အမြစ်ပြုတ်အောင် ဖြိုခွင်း နိုင်ခဲ့တာကို ကောင်းကောင်းသိသွားတော့ ကျန်တဲ့ ရဟန်းရှင်လူပြည်သူကျောင်းသားတွေအတွင်း၊တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အတွင်း ကိုလည်ုး လွန်ခဲ့တဲ့ အနှစ် သုံးလေးဆယ် လောက်ထဲက ဓါးလျှို တွေ ထည့်ထားပြီး ဖြိုခွင်းရေးလုပ်ငန်း အဖျက်လုပ်ငန်းတွေ ကိုလုပ်နေခဲ့တယ်။အဲဒါကို အထက်က လူကြီး လေးငါးယောက်လောက်ပဲသိတယ်။ ပလီတွေကိုခဲနဲ့  စပေါက်တာလဲ အနားမှာနေတဲ့ရပ်ကွက်ထဲကပြည်သူတွေမဟုတ်ဘူး။ အမှိုက်ကားနောက်မှာ အရောင်ဆောင်စီးလာတဲ့ ထောက်လှမ်းရေးကစလုပ်တာ။ အာဏာရှင်တွေဟာ သူတို့ လုပ်ခြင်တာဟာ ဘုရားဟောအတိုင်းပါလို့  အမြဲ ဘာသာရေးနဲ့ မှိုင်းတိုက်တာ ပြည်သူကရိုးနေပြီ။

Jan 04, 2015 09:43 PM

Pyay Nyein

နေရပ်- Myanmar

မြန်မာပြည်သူတွေ ဒီမိုကရေစီနဲ့  မတန်ဘူးဆိုတာ အာဏာရှင်တွေနဲ့  သူတို့ ရဲ့ မွေးစားသားတွေက ပြည်သူကိုစော်ကားတဲ့လေသံတွေပဲ။ စစ်အာဏာရှင်လက်ထက်မှာ တပ်မတော်ဟာ အာဏာတည်မြဲရေးအတွက် တိုင်းပြည်မှာ နိုင်ငံရေး ရှုပ် ထွေး အောင် လုပ်ခဲ့တယ်။ ဥပမာ တ၇ုပ် ဗမာ အရေးအခင်းမှာ ဆန်ပြဿနာ ဖန်တီးတာတို့၊ ၈၈ အရေးအခင်း ကာလမှာ ထောင်ဖွင့်ပေး လိုက်တာတို့ ဂိုတောင်တွေ ဖွင့်ပေးလိုက်တာတို့ ၊ ဟိုနေရာဒီနေရာ ဗုံးလိုက်ခွဲပြီး နိုင်ငံရေးသမား တွေကျောင်းသားတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကဘဲ အဖျက်လုပ်ငန်းတွေ လုပ်နေသယောင်၊ ထောက်လှမ်းရေး တွေ က မီးပွိုင့်တွေကိုဖျက်ဆီးပြီး ဆန္ဒပြသူတွေကဘဲ အဖျက်လုပ်ငန်းတွေ လုပ်သယောင် ဖန်တီးခဲ့တယ်။ (မီးပွိုင့် တစ်ခုဆီကို လည်ကတုံး အင်္ကျီအဖြူရောင်နဲ့ ကချင်လုံချည် ၀တ်ဆင်ထားတဲ့ ထောက်လှမ်းရေးက Mazda လေးဘီးကလေးနဲ့ လာပြီး မီးပွိုင့်ကို လောက်လေးခွ နဲ့ပစ်ခွဲတယ်၊ ပတ်ဝန်းကျင် ကလူတွေ ကိုလဲ ကိုယ်နဲ့ မဆိုင်ရင် ငြိမ်ငြိမ်နေလို့ ငေါက်ငန်းလိုက်သေးတယ်)။

Jan 04, 2015 08:15 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့