ပညာရေးအဆင့်မြှင့်ဖို့ ဒေါ်အောင် ဆန်းစုကြည် ပြောကြား


2016.07.21
dassk-education-620.jpg နေပြည်တော်မှာ ဇူလိုင်လ ၂၁ ရက်နေ့ကကျင်းပတဲ့ အခြေခံပညာအဆင့် ပညာရေးမြှင့်တင်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

မြန်မာနိုင်ငံရဲ့ ပညာရေးတိုးတက်ခိုင်မာစေဖို့ အခြေခံပညာက အရေးကြီးကြောင်းနဲ့ မိဘတွေက ယုံကြည်စွာ အပ်နှံတဲ့ ကျောင်းတွေအနေနဲ့လည်း ယုံကြည်ထိုက် အားကိုးထိုက်တဲ့ အခြေအနေရှိဖို့လိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီကနေ့ နေပြည်တော် အားကစားရွာမှာ အခြေခံပညာအဆင့် ပညာရေးမြှင့်တင်ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်း စုကြည် က ပြောကြားခဲ့တာဖြစ်ပါတယ်။

"အခြေခံပညာဆိုတာ မွေးကတည်းကရတဲ့ပညာပါ၊ မိဘတွေက ပထမလက်ဦးဆရာလို့ ပြောလေ့ရှိပါတယ်၊ ဒါပေမဲ့ မိဘတွေဟာ ဘာဖြစ်လို့ သူတို့သားသမီးတွေကို ဆရာ ဆရာမတွေလက်ထဲ ဘာဖြစ်လို့ အပ်လိုက်သလဲ ဆိုတာ ကျမတို့စဉ်းစားစရာပဲ၊ ဘာဖြစ်လို့ မိဘတွေက ကိုယ့်အိမ်မှာပဲ ကိုယ့်သားသမီးတွေကို မသင်ပေးနိုင်တာ လဲ၊ ဘာဖြစ်လို့ကျောင်းတွေ ပေါ်လာသလဲဆိုတာ အဲ့ဒါအများကြီး စဉ်းစားရမယ့်ကိစ္စတွေပါ၊ တကယ်တော့ မိဘများဆိုတာ ကိုယ့်သားသမီးတွေကို အကောင်းဆုံးဖြစ်စေချင်တယ်၊ ကိုယ့်ထက်ပိုပြီးတော့ ထက်မြက်စေချင် တယ်၊ ကိုယ့်ထက်ကျွမ်းကျင်တဲ့ လူတွေလက်ထဲကိုထည့်ပြီးတော့ ကိုယ့်ရဲ့သားသမီးတွေကို ပြုစုပျိုးထောင်ပေး တဲ့ ကျောင်းဆိုတာပေါ်လာတာပါ"

ဒီနေ့အခမ်းအနားမှာ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ကလည်း အခြေခံပညာရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာတွေကို ပြန်လည်ရှင်းလင်းသွားခဲ့ပါတယ်။

ဒီနေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ရဲအောင်နဲ့အတူ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ဆွေးနွေးပွဲတက်ရောက်တဲ့ ဆရာဆရာမတွေ တက်ရောက်ခဲ့ကြပါတယ်။

နေပြည်တော် အားကစားရွာမှာကျင်းပတဲ့ အခြေခံပညာအဆင့် ပညာရေးမြှင့်တင်ပွဲ အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ RFA သတင်းထောက် ကိုထက်အာကာ စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။