ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် NLD ထုတ်ပြန်


2013.09.04
dassk-305.JPG နေပြည်တော်တွင် သြဂုတ်လ ၃ဝ ရက်နေ့က မီဒီယာများ ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားနေသော ဒေါ်အောင် ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၈ ရက်ကြာ ဥရောပ သုံးနိုင်ငံခရီးစဉ် အသေးစိတ်ကို NLD ပါတီက ဒီနေ့ထုတ်ပြန်လိုက် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် စက်တင်ဘာလ ၁ဝ ရက်နေ့မှာ မြန်မာနိုင်ငံက စတင်ထွက်ခွာမှာဖြစ်ပြီး ပိုလန်၊ ဟန်ဂေရီနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။

အဲဒီနိုင်ငံတွေက တက္ကသိုလ်တွေမှာ နိုင်ငံရေး ဆိုင်ရာ ဟောပြောပို့ချမှာအပြင် ချက်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပမယ့် ဖိုရမ် 2000 ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဆွေးနွေးမှာဖြစ်တယ်လို့ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁ဝ ရက်နေ့မှာ ဥရောပခရီးစဉ်ကို စပြီးထွက်ပါမယ်၊ ဝါဆောတက္ကသိုလ်မှာ Education and Politics ပို့ချဖို့ရှိပါတယ်၊ ဟန်ဂေရီကို ရောက်တဲ့အချိန်မှာလည်း ဘူတင်ပတ်တက္ကသိုလ်မှာ From Revolution to Reconstruction ခေါင်းစဉ်နဲ့ ဟောပြောပို့ချဖို့ရှိပါတယ်၊ ချက်နိုင်ငံ Forum 2000 မှာ Keynote Speech အနေနဲ့ Remembering Václav Havel ခေါင်းစဉ်နဲ့ ဟောပြောဖို့လည်းရှိပါတယ်၊ Burma's Transition ဆိုတဲ့ The Need For New Approaches By The International Community ခေါင်းစဉ်နဲ့ ဟောပြောဖို့လည်းရှိပါတယ်၊ ၁၇ ရက်ညနေဆိုလို့ရှိရင်တော့ ဗမာနိုင်ငံကို ပြန်လာဖြစ်ပါမယ်

ခရီးစဉ်အတွင်းမှာ အဲဒီ ၃ နိုင်ငံက လွှတ်တော်ဥက္ကဌတွေ၊ ဝန်ကြီးချုပ်၊သမ္မတတွေနဲ့လည်း တွေ့ဆုံမှာဖြစ် သလို တောင်အာဖရိက သမ္မတဟောင်း Frederik Willem de Klerk နဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်ရောက်မှာဖြစ်ပြီး ခုလကုန်ပိုင်းမှာလည်း စင်္ကာပူနိုင်ငံကို ခရီးသွားဦးမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။