မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအတွက် ဥပဒေပြုရေးဟာ အရေးကြီးကြောင်း ၊ မြန်မာပြည် ဒီမိုကရေစီရေးအတွက် ဥပဒေပြုရေးကိစ္စရပ်တွေမှာ ပညာရှင်တွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်လိုကြောင်း တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားလိုက်ပါတယ်။
မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဥပဒေပြုရေး ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နေပြည်တော် လွှတ်တော်ရုံး အဆောက်အဦးမှာ ကျင်းပတဲ့ ဆွေးနွေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အရည်အသွေး မြှင့်တင်ရေး ကော်မတီ က ကုလသမဂ္ဂ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် UNDP နဲ့ ပူးပေါင်းပြီး ဥပဒေပြုရေး ဆိုင်ရာတွေကို ဇူလိုင်လ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နေပြည်တော် လွှတ်တော် အဆောက်အဦး အမှတ် ၂ဝ မှာ သင်တန်း ပို့ချမှာဖြစ် ပါတယ်။
ဒီကနေ့ သင်တန်းမှာ ဗြိတိန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံက ဥပဒေ ပညာရှင်တွေက ဥပဒေပြုရေးဆိုင်ရာတွေကို ဆွေးနွေးပြီး လွှတ်တော် ကိုယ်စားလှယ် ၃ဝ ကျော် တက်ရောက်ခဲ့ပါတယ်။
