ဂျာမနီရောက် မြန်မာမိသားစုတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


2014.04.13
dassk-japan-305 ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၃ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ မြန်မာနိုင်ငံသားများနဲ့ တွေ့ဆုံမိန့်ခွန်းပြောကြားနေစဉ်
photo: AFP

၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြောင်း လဲရေး ဟာ မြန်မာပြည်သူတစ်ရပ်လုံးအတွက် မဖြစ်မနေ လိုအပ်ချက်ဖြစ်တယ်လို့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့  ပြောကြားပါတယ်။

ဂျာမနီနိုင်ငံရောက် မြန်မာမိသားစုတွေနဲ့ ဘာလင်မြို့၊ Free University ခန်းမမှာဒီနေ့ မနက် ၁ဝ နာရီ က တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောသွားတာပါ။

အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ နိုင်ငံက ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြောင်း လဲရေးကိစ္စနဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးအခြေအနေတွေ ကို အဓိကထားပြောဆိုသွားပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ ကိုပြောင်းလဲဖို့ တစ်ဦးတစ်ယောက်တည်းဆောင်ရွက် လို့ မရနိုင်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြောင်း အခမ်းအနားကို တက်ရောက်တဲ့ မြန်မာ့အရေးဌာန ဂျာမနီက ကိုအောင်သူက ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင် ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်အောင်လှှိုင်တို့ ပြောသွားတဲ့ မိန်းခွန်းတွေအရကြည့်လို့ရှိရင် သူတို့ဟာ ပြင်ဆင်ချင်တဲ့စိတ်မရှိဘူးဆိုတာကောက်ချက်ချလို့ရတယ်လို့ သူကဗမာတွေကို ပြောတဲ့ထဲမှာ ထည့်ပြောသွားပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက တစ်ဦးတစ်ယောက်အတွက်မဟုတ်ဘဲနဲ့ ဒီဗမာပြည်သူပြည်သားအားလုံး ဒီမိုကရေစီနိုင်ငံထူထောင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပြင်ဆင်ပြောင်းလဲဖို့လိုအပ်တယ်လို့ သူကထောက်ပြသွားပါတယ်၊ ပညာရေးနဲ့ ပတ်သက်လို့ကတော့ ဗမာပြည်ပညာရေးမှာ သူတို့တွေက ခုဆိုလို့ရှိရင်ဒီပညာရေးနဲ့ ပတ်သက်ပြီးတော့ ပညာရေးကော်မတီတစ်ခုဖွဲ့ပြီးတော့ သူတို့တွေ ဒီပညာရေးဥပဒေတွေကို လာမည့်လွှတ်တော်မှာ တင်တယ်ဆိုတဲ့ဟာကိုလည်း သူတို့ပြောကြားသွားပါတယ်"

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားအပြီးမှာ အခမ်းအနားတက်ရောက်လာတဲ့ မြန်မာများက မေးမြန်းတာတွေ ကို ပြန်လည်ဖြေကြားပါတယ်။

၂ နာရီနီးပါးကြာ ကျင်းပသွားတဲ့ အခမ်းအနားကို Free University ကျောင်းကျာင်းအုပ်ကြီးနဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင် များ တက်ရောက်သလို ဂျာမနီနိုင်ငံရောက် မြန်မာမိသားစု ၄ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားကို ဂျာမနီနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့နဲ့  မြန်မာရေးရာဌာန (ဂျာမနီ)တို့ ပူးပေါင်ပြီး ကျင်းပတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။