ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနဲ့ ပြင်သစ်ခရီး စတင်


2014.04.09
dassk-305 ဂျာမနီနဲ့ ပြင်သစ်ခရီးစဉ်အတွက် ရန်ကုန်လေဆိပ်ကို ဧပြီလ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်
photo:Kyaw Zaw Win/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ် အတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ကနေ ဒီနေ့ညပိုင်းက ထွက်ခွာသွားပါတယ်။

ဂျာမနီနိုင်ငံခရီးစဉ်အတွင်း ဝန်ကြီးချုပ် Angela Merkel နဲ့ တွေ့ဆုံပြီး၊ နိုင်ငံတကာ ဝီလီဘရန့်ဆုကို လက်ခံရယူ မှာဖြစ်တဲ့အပြင် လွှတ်တော်ကတာဝန်ရှိသူတွေ နဲ့ တွေ့ဆုံ မှာဖြစ်တယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့် က ပြောပါတယ်။

"ဂျာမနီကိုသွားမယ် သွားပြီးတဲ့အခါကျတော့ အဲ့ဒီမှာက ဂျာမနီက တာဝန်ရှိတဲ့လူတွေနဲ့တွေ့မယ်၊ ဟိုမှာဆိုလို့ရှိရင် သမ္မတတို့ ဝန်ကြီးချုပ်တို့နဲ့ လည်းတွေ့မယ်၊ နောက်တစ်ခုက လွှတ်တော်ဥက္ကဌနဲ့ လည်းတွေ့မယ်၊ လွှတ်တော်ကိုလည်း သွားရောက်လေ့လာ မယ်၊ နောက်တစ်ခါ လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေကိုလည်းဆွေးနွေးမှာပေါ့ အဲ့ဒီကနေ မှ ၁၄ ရက်နေ့ ပြင်သစ် ပဲရစ်ကိုကူးမယ် ပြင်သစ်မှာလည်း ဒီလိုပဲ သမ္မတတို့၊ ဝန်ကြီးချုပ်တို့ လွှတ်တော်ဥက္ကဌ တို့နဲ့ သွားရောက်တွေ့မယ်၊ ပြည်သူ့လွှတ်တော်ကိုလည်းလေ့လာမယ်၊ ၁၇ ရက်နေ့ပြန်ရောက်မယ်"

ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၄ရက်နေ့မှာ ပြင်သစ်နိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး သမ္မတ Francois Hollande၊ လွှတ်တော် ဥက္ကဌတို့နဲ့ပါ တွေ့ဆုံသွားမှာဖြစ်သလို ပြင်သစ်စစ်တက္ကသိုလ် ကိုလည်း သွားရောက်လေ့လာမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီခရီးစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတာဝန်ခံ ဒေါက်တာတင်မာအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးတို့လည်း လိုက်ပါသွားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။