စာနယ်ဇင်း ညီလာခံမှာ ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းပြောမယ်
2014.03.07
Photo:RFA/Myo Zaw Ko
အမေရိကန် ပြည်ထောင်စု အခြေစိုက် East West Center အဖွဲ့က ရန်ကုန်မြို့မှာ ကြီးမှူးကျင်းပမယ့် နိုင်ငံတကာ စာနယ်ဇင်းညီလာခံ အကြိုနေ့ မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမယ် လို့သိရပါတယ်။
ညီလာခံကို မတ်လ ၁၀ နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး မတ်လ ၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ထွန်းကားပြီးနိုင်ငံတွေနဲ ပေါ်ထွန်းဆဲ နိုင်ငံတွေက မီဒီယာလွတ်လပ်ခွင့်အပေါ် စိမ်ခေါ်မှုများ ဆိုတဲ့ ခေါင်းစဉ်နဲ့ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က ဆုဖေါင်ဒေးရှင်းအမည်နဲ့ကျန်းမာရေး၊ ပညာရေး ကူညီမယ့် လူမှုရေးအဖွဲ့ထူထောင်ကြောင်း ကြေညာ မယ်လို့ သိရပါတယ်။
အဲဒီညီလာခံကို အာရှ-ပစိဖိတ်ဒေသနဲ့ အမေရိကန်ပြည်ထောင်စုက စာနယ်ဇင်းသမားတွေ တက်ရောက်ဆွေးနွေးကြမယ်လို့သိရပါတယ်။